Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 14:10

Judson Bible

လူ​မူ​ကား သေ၍ ဆွေး​မြေ့​တတ်၏။ လူ​သည် အ​သက်​ချုပ်​ပြီး​လျှင် အ​ဘယ်​မှာ​ရှိ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ယာ​ကုပ်​သည် မိ​မိ​သား​တို့​ကို အ​ကုန်​အ​စင်​မှာ​ထား​ပြီး​လျှင်၊ မိ​မိ​ခြေ​တို့​ကို ခု​တင်​ပေါ်​မှာ ရုပ်​သိမ်း​သ​ဖြင့်၊ အ​သက်​ချုပ်၍ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ၏။

အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​များ​ကဲ့​သို့ ရှေ့​တော်၌ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​ပါ၏။ မြေ​ကြီး​ပေါ်​မှာ နေ​ရ​သော​ကာ​လ​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ပါ၏။ မှီ​ခို​ရာ​မ​ရှိ​ပါ။

အ​ကျွန်ုပ်​ကို အ​မိ​ဝမ်း​ထဲ​က အ​ဘယ်​ကြောင့် ဆောင်​ခဲ့​တော်​မူ​သ​နည်း။ ထို​သို့​ပြု​တော်​မ​မူ​လျှင် အ​ကျွန်ုပ်​သည် အ​သက်​မ​ရှိ၊ အ​ဘယ်​သူ​မျှ အ​ကျွန်ုပ်​ကို​မ​မြင်​ရ​ပါ။

ဆိုး​သော​သူ​တို့၏​မျက်​စိ​သည် အား​လျော့​လိမ့်​မည်။ သူ​တို့​သည် ပြေး၍​မ​လွတ်​ရ​ကြ။ သူ​တို့ မျှော်​လင့်​စ​ရာ​အ​ကြောင်း​သည် အ​ခိုး​အ​ငွေ့​သက်​သက် ဖြစ်​သည်​ဟု မြွက်​ဆို၏။

သင်​တို့​ကို ကျပ်​တည်း​စွာ စစ်​တော်​မူ​လျှင်၊ သင်​တို့၌ ကျေး​ဇူး​ရှိ​လိမ့်​မည်​လော။ လူ​ကို​လှည့်​စား​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​ကို လှည့်​စား​နိုင်​သ​လော။

လူ​သည်​အိပ်​ပြီး​မှ နောက်​တစ်​ဖန် မ​ထ​ရ။ မိုး​ကောင်း​ကင် မ​ကုန်​မ​ဆုံး​မီ​တိုင်​အောင် မ​နိုး​ရ။ အ​အိပ်​အ​ပျော် မ​ပျက်​ရ။

ရေ​ငွေ့​ကြောင့် အ​တက်​ပေါက်၍၊ ပျိုး​ပင်​ကဲ့​သို့ အ​ညွန့်​တို့​နှင့် ပြည့်​စုံ​လိမ့်​မည်။

ငါ့​အ​ရေ​ကုန်​ပြီး​မှ ဤ​ကိုယ်​ကို​ပင် ဖျက်​ဆီး​သော်​လည်း၊ ငါ​သည်​ကိုယ်​ခ​န္ဓာ၌ ဘု​ရား​သ​ခင်​ကို​မြင်​မည်​ဟူ၍​လည်း​ကောင်း ငါ​သိ၏။

မိ​မိ​မ​စင်​ကဲ့​သို့ အ​စဉ်​ပျက်​ရ​လိမ့်​မည်။ သူ့​ကို​မြင်​ဖူး​သော သူ​တို့​က၊ ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ကြ​လိမ့်​မည်။

ငါ​သည်​မွေး​စ​က အ​ဘယ်​ကြောင့် မ​သေ​သ​နည်း။ အ​မိ​ဝမ်း​ထဲ​မှ​ထွက်​စ​က အ​ဘယ်​ကြောင့် အ​သက်​မ​ချုပ်​သ​နည်း။

ထို​သို့​မ​ပြု​လျှင် ငါ​သည်​အိပ်၍ ငြိမ်း​ပြီ။ ပျော်​လျက်​နေ​ရ​ပြီ။

အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​ကို အ​ဘယ်​ကြောင့် သည်း​ခံ​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​အ​ပြစ်​ကို အ​ဘယ်​ကြောင့် ဖြေ​ရှင်း​တော်​မ​မူ​သ​နည်း။ ယ​ခု​မှာ အ​ကျွန်ုပ်​သည် မြေ​မှုန့်၌​အိပ်​ရ​ပါ​မည်။ ကိုယ်​တော်​သည် နံ​နက်​အ​ချိန်၌ ရှာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​မ​ရှိ​ပါ​ဟု မြွက်​ဆို၏။

မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စဉ်​အ​ခါ၊ လှဲ​ခြင်း​ကို​ခံ​ရ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သေ​သော​အ​ခါ၌​ပင် မျှော်​လင့်​စ​ရာ​ရှိ၏။

အ​လုံး​စုံ​တို့​သည် တစ်​ခု​တည်း​သော​အ​ရပ်​သို့ ရောက်​တတ်​ကြ၏။ အ​လုံး​စုံ​တို့​သည် မြေ​မှုန့်​ထဲ​က ဖြစ်​သည်​နှင့်​အ​ညီ၊ မြေ​မှုန့်​ထဲ​သို့ ပြန်​သွား​တတ်​ကြ၏။

သို့​ရာ​တွင်၊ အ​ထက်​သို့​တက်​သော လူ​သား၏​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​သို့​ဆင်း​တတ်​သော တိ​ရ​စ္ဆာန်၏​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ပိုင်း​ခြား၍ သိ​သ​နည်း။

ယေ​ရှု​သည် ကြီး​သော​အ​သံ​နှင့် တစ်​ဖန် ကြွေး​ကြော်​ပြီး​လျှင် အ​သက်​တော်​ကို လွှတ်​တော်​မူ၏။-

ထို​မိန်း​မ​သည် ပေ​တ​ရု၏​ခြေ​ရင်း၌ လဲ၍​သေ​လေ၏။ လု​လင်​တို့​သည်​လည်း ဝင်၍ ထို​မိန်း​မ​သေ​သည်​ကို​တွေ့​လျှင်၊ ဆောင်​သွား၍​သူ၏ ခင်​ပွန်း​အ​နား​မှာ သင်္ဂြိုဟ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ