အကျွန်ုပ်သည် ဆိုးညစ်လျှင် အမင်္ဂလာရှိပါ၏။ ဖြောင့်မတ်သော်လည်း ကိုယ်မျက်နှာကိုမပြရ။ ကိုယ်ခံရသော ဒုက္ခဆင်းရဲကိုဆင်ခြင်၍ မိန်းမောတွေဝေလျက် နေရပါ၏။
အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်ကြောင်းကို သိတော်မူ၏။
ငါသည် အောက်မေ့သောအခါ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။
ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။
ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့လည်းကောင်း၊ ငါ့တစ်ဖက်၌ ထသောသူသည် မဖြောင့်မတ်သောသူကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။
ပြန်၍ ဆင်ခြင်ကြပါ။ မတရားသဖြင့် မပြုကြပါနှင့်။ ပြန်၍ ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ်ပါ၏။
သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။
ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍မလျှောက်ဝံ့ဘဲ၊ တရားမှုကို ဆုံးဖြတ်တော်မူသောအရှင်ကို တောင်းပန်ရုံမျှသာပြုရ၏။
ငါသည် အပြစ်သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီး ကြိုးစားရမည်နည်း။
အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကိုကြည့်ရှု၍၊ ကယ်နုတ်တော်မူပါ။ ကိုယ်တော်၏တရားကို မမေ့မလျော့ပါ။
အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကိုကြည့်ရှု၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ။
ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ၏ မျက်နှာကြောင့်လည်းကောင်း၊ အကျွန်ုပ်သည် ကိုယ်အရှက်ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ၏။
အိုထာဝရဘုရား၊ သူတို့မျက်နှာကို ရှက်စေတော်မူ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော။
မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်။
ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသောငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။
မတရားသောသူသည် အမင်္ဂလာရှိ၏။ မကောင်းသောအမှုနှင့် တွေ့လိမ့်မည်။ အကြောင်းမူကား၊ သူကျင့်သော အကျင့်တို့၏အပြစ်ကို သူ၌ဆပ်ပေးရလိမ့်မည်။
ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့် မြင်လေပြီတကားဟု ဆို၏။
အို ထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်ပင်ပန်းပါ၏။ ဝမ်း၌ ဆူလှိုက်ခြင်းရှိပါ၏။ နှလုံးမှောက်လျက် ရှိပါ၏။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ။ ပြင်မှာ ဓားဘေးနှင့် တွေ့ရပါပြီ။ အတွင်း၌လည်း သေမင်းနေသကဲ့သို့ ရှိပါ၏။
တစ်ဖန် သင်တို့သည် ပြောင်းလဲ၍ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍ သိရကြလိမ့်မည်။
ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါ ဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။