Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယာ​ကုပ် 5:9

Judson Bible

ညီ​အစ်​ကို​တို့၊ စစ်​ကြော​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း ငြင်း​ခုံ​ပြစ်​တင်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ တ​ရား​စီ​ရင် ပိုင်​သော​သူ​သည် တံ​ခါး​နား​မှာ ရှိ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ကောင်း​မွန်​စွာ​ပြု​လျှင် အ​ခွင့်​မ​ရ​လော။ ကောင်း​မွန်​စွာ​မ​ပြု​လျှင်၊ အ​ပြစ်​ဖြေ​သော​ယဇ်​ကောင်​သည် တံ​ခါး​နား​မှာ​ဝပ်​လျက်​ရှိ၏။ သူ​သည်​သင်၏​အ​လို​သို့​လိုက်၍၊ သင်​သည်​သူ့​ကို​အုပ်​စိုး​ရ၏​ဟု ကာ​ဣ​န​ကို​မိန့်​တော်​မူ၏။

အ​စာ​ကို​ရှာ​လျက် အ​ရပ်​ရပ်​သို့​လည်၍​မ​ဝ​ဘဲ တစ်​ည​လုံး​နေ​ကြ​ပါ​စေ​သော။

အ​ချိန်​စေ့​ပြီ။ နေ့​ရက်​နီး​ပြီ။ ဝယ်​သော​သူ​သည် ဝမ်း​မ​မြောက်​စေ​နှင့်။ ရောင်း​သော​သူ​သည် စိတ်​မ​သာ၊ မ​ညည်း​တွား​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သည် တည်​လျက်​ရှိ၏။

သင့်​အ​မျိုး​သား​ချင်း​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ ကိုယ်​တိုင်​အ​ပြစ်​ပြန်၍ မ​တုံ့​ရ။ အ​ငြိုး​မ​ထား​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ထို​နည်း​တူ၊ ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မြင်​ရ​လျှင် လူ​သား​သည် တံ​ခါး​ဝ​တိုင်​အောင် အ​နီး​သို့ ရောက်​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-

ထို​နည်း​တူ ထို​အ​ကြောင်း​အ​ရာ​များ​ဖြစ်​သည်​ကို မြင်​ရ​လျှင်၊ လူ​သား​သည် တံ​ခါး​ဝ​တိုင်​အောင် အ​နီး​သို့ ရောက်​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-

ထို​ကြောင့်၊ ဟေ​ရော​ဒိ​သည် ယော​ဟန်​ကို ရန်​ငြိုး​ဖွဲ့​သ​ဖြင့် သတ်​ခြင်း​ငှာ အ​လို​ရှိ၏။-

ထို​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပုံ​သက်​သေ ဖြစ်​အံ့​သော​ငှာ ထို​သူ​တို့၌ ရောက်​ကြ၏။ ကပ်​ကာ​လ အ​ဆုံး​တွင် ဖြစ်​သော​ငါ​တို့​ကို ဆုံး​မ​စ​ရာ​ဖို့ ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။-

ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။

လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ပါး​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ရှိ​သ​မျှ​ကို အ​ကြွင်း​မဲ့​ကျင့်​ရာ ရောက်၏။-

အ​ချည်း​နှီး​သော ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​ခြင်း၊ အ​ချင်း​ချင်း ချုပ်​ချယ်​နှောင့်​ယှက်​ခြင်း၊ အ​ချင်း​ချင်း ငြူ​စူ​ခြင်း​တို့​ကို ရှောင်၍​နေ​ကြ​ကုန်​အံ့။

ညီ​အစ်​ကို​တို့၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကဲ့​ရဲ့​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ညီ​အစ်​ကို​ချင်း​ကို ကဲ့​ရဲ့၍၊ သူ၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​သော​သူ​သည် တ​ရား​ကို ကဲ့​ရဲ့၏။ တ​ရား၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်၏။ ထို​သို့​ပြု​လျှင်၊ သင်​သည် တ​ရား​ကို ကျင့်​သော​သူ​မ​ဟုတ်၊ တ​ရား​ကို စစ်​ကြော​စီ​ရင်​သော​သူ ဖြစ်၏။-

ပ​ညတ်​တ​ရား​ကို ထား​ပိုင်​သော​သူ၊ စစ်​ကြော​စီ​ရင်​ပိုင်​သော​သူ တစ်​ပါး​တည်း​ရှိ​တော်​မူ၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​ငှာ​လည်း​ကောင်း၊ ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊ တတ်​နိုင်​တော်​မူ၏။ သူ​တစ် ပါး​ကို စစ်​ကြော​စီ​ရင်​သော​သင်​သည်​ကား အ​ဘယ်​သူ​နည်း။

ငါ့​ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ ဟော​ပြော​သော ပ​ရော​ဖက်​တို့​သည် ဆင်း​ရဲ​ဒု​က္ခ​တွေ့​ခြင်း၊ သည်း​ခံ​ခြင်း၏ ပုံ​သက်​သေ​ကို ပြ​ကြ​ပြီ​ဟု မှတ်​ကြ​လော့။-

ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ အ​ကယ်၍ လယ်​လုပ်​သော​သူ​သည် အ​ရင်​မိုး၊ နောက်​မိုး​ကို​ရ​သည်​တိုင်​အောင်၊ အ​ဖိုး​ထိုက်​သော မြေ​အ​သီး​ကို သည်း​ခံ​လျက် စောင့်​နေ၍ မျှော်​လ​င့်​တတ်၏။-

သို့​ဖြစ်၍၊ အ​သက်​ရှင်​သော သူ​တို့​ကို​လည်း​ကောင်း၊ သေ​သော​သူ​တို့​ကို​လည်း​ကောင်း တ​ရား​စီ​ရင်​ခြင်း​ငှာ အ​သင့်​ရှိ​တော်​မူ​သော​သူ ရှေ့၌၊ ထို​သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-

မြည်​တမ်း​ခြင်း​မ​ရှိ​ဘဲ အ​ချင်း​ချင်း ဧည့်​သည်​ဝတ်​ကို ပြု​ကြ​လော့။-

ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ