Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယာ​ကုပ် 4:9

Judson Bible

ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လော့။ သင်​တို့​ရယ်​ခြင်း​ကို စိတ်​မ​သာ​ညည်း​တွား​ခြင်း ဖြစ်​စေ​ကြ​လော့။ ဝမ်း​မြောက်​ခြင်း​ကို​လည်း ဝမ်း​နည်း​ခြင်း​ဖြစ်​စေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို ကြား​သော​အ​ခါ ငို​ကြွေး​ကြ​သည်​ဖြစ်၍၊ ပြည်​အုပ်​မင်း နေ​ဟ​မိ၊ ကျမ်း​တတ်​ဆ​ရာ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ၊ လူ​များ​တို့​အား သွန်​သင်​သော လေ​ဝိ​သား​တို့​က၊ ဤ​သည်​နေ့​ရက်​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့​ဖြစ်၏။ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ကြ​နှင့်။

ငါ့​စောင်း​သည် ညည်း​တွား​သော​အ​သံ၊ ငါ့​ပု​လွေ​သည် ငို​ကြွေး​သော​အ​သံ​ကို​သာ ပေး​တတ်၏။

သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို​မ​စောင့်​သော​ကြောင့်၊ အ​ကျွန်ုပ်​မျက်​စိ​တို့​မှ မျက်​ရည်​သည် မြစ်​ရေ​ကဲ့​သို့ စီး​ပါ​၏။

အ​ကျွန်ုပ်​သည် ဆင်း​ရဲ​မ​ခံ​မီ လမ်း​လွဲ​ပါ၏။ ယ​ခု​မူ​ကား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကျင့်​စောင့်​ပါ၏။

အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​သော ကျေး​ဇူး​သည် ကြီး​ပါ၏။

လူ​သည် ရယ်​စဉ်​အ​ခါ​ပင်၊ ဝမ်း​နည်း​သော စိတ်​သ​ဘော​ရှိ၏။ ထို​ရယ်​မော​ရွှင်​လန်း​ခြင်း အ​ဆုံး၌​လည်း ညှိုး​ငယ်​ခြင်း​ရှိ​တတ်၏။

ရယ်​မော​ခြင်း​ကို သင်​သည်​အ​ရူး​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ ရွှင်​လန်း​ခြင်း​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း ဟူ၍​လည်း​ကောင်း ငါ​ဆို​ရ၏။

ထို​အ​ခါ သ​မီး​က​ညာ​သည် က​ခုန်​လျက်၊ လူ​ပျို၊ လူ​အို​တို့​နှင့်​တ​ကွ ပျော်​မွေ့​လိမ့်​မည်။ သူ​တို့ ညည်း​တွား​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ကို ငါ​ဖြစ်​စေ​မည်။ သူ​တို့​သည် ဝမ်း​နည်း​ခြင်း​ကို ခံ​ရ​သော​နောက်၊ စိတ်​သက်​သာ၍ ရွှင်​လန်း​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။

ငို​ကြွေး​လျက် လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​ရှိ​သော ထို​သူ​တို့​ကို ငါ​ပို့​ဆောင်​မည်။ မြစ်​နား​မှာ​လျှောက်​သော​လမ်း၊ ထိ​မိ၍ မ​လဲ​ရ​သော​လမ်း​ဖြောင့်​တို့၌ ငါ​သွေး​ဆောင်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ဘ​ဖြစ်၏။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ငါ၏ သား​ဦး​ဖြစ်၏။

အ​ကျွန်ုပ်​တို့​သည် နှ​လုံး​ရွှင်​လန်း​ခြင်း​ပြတ်၍၊ က​ခြင်း​အ​ရာ၌ ညည်း​တွား​ခြင်း​ရှိ​ကြ​ပါ၏။

သင်​ပြု​ဖူး​သ​မျှ​သော အ​မှု​တို့​ကို ငါ​မ​မှတ်။ စိတ်​ပြေ​သော​အ​ခါ သင်​သည်​အောက်​မေ့၍ ရှက်​ကြောက်​ခြင်း​နှင့် မျက်​နှာ​ပျက်​ခြင်း​ကြောင့်၊ နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သို့​ရာ​တွင် လွတ်​သော​သူ​တို့​သည် လွတ်​သော​အ​ခါ၊ အ​သီး​အ​သီး မိ​မိ​တို့​အ​ပြစ်​ကြောင့် စိတ်​မ​သာ ညည်း​တွား​လျက်၊ ချိုင့်​သား​ချိုး​ကဲ့​သို့ တောင်​ပေါ်​မှာ ရှိ​ကြ​လိမ့်​မည်။

ပ​ရိ​သတ်​တို့​က​လည်း ထို​လူ​ဆိုး​တို့​အား ဆိုး​သော​ဖျက်​ဆီး​ခြင်း​ကို စီ​ရင်​ပါ​လိမ့်​မည်။ အ​သီး​သီး​ချိန်​တွင် အ​သီး​ကို​ဆက်​အံ့​သော အ​ခြား​လူ​တို့​အား ထို​ဥ​ယျာဉ်​ကို ငှား​ပါ​လိမ့်​မည်​ဟု လျှောက်​ကြ၏။

စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။-

ယ​ခု​တွင် ငတ်​မွတ်​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။ ယ​ခု​တွင် ငို​ကြွေး​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ရယ်​ကြ​လ​တ္တံ့။ သူ​တစ်​ပါး​တို့​သည် လူ​သား​ကြောင့် သင်​တို့​ကို​မုန်း​သော​အ​ခါ၊-

ဝ​စွာ​စား​ရ​သော သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငတ်​မွတ်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ ယ​ခု ရယ်​တတ်​သော​သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ညည်း​တွား​ငို​ကြွေး​ရ​ကြ​လ​တ္တံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ