Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယာ​ကုပ် 3:9

Judson Bible

ငါ​တို့​သည် လျှာ​ဖြင့် ခ​မည်း​တော်​ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​တတ်​ကြ၏။ ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​သော​လူ​တို့​ကို လျှာ​ဖြင့် ကျိန်​ဆဲ​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

အာ​ဒံ၏​သား​စဉ်​မြေး​ဆက် စာ​ရင်း​ဟူ​မူ​ကား၊ လူ​ကို​ဖန်​ဆင်း​တော်​မူ​သော​ကာ​လ၌၊ မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ၏။

အ​ကြင်​သူ​သည် လူ၏​အ​သွေး​ကို​သွန်း၏။ ထို​သူ၏​အ​သွေး​ကို လူ​လက်​ဖြင့်​သွန်း​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို ဖန်​ဆင်း​တော်​မူ၏။

ဒါ​ဝိဒ်​မင်း​ကြီး​သည် ဗာ​ဟု​ရိမ်​မြို့​သို့ ရောက်​သော​အ​ခါ၊ ရှော​လု၏​အ​ဆွေ​အ​မျိုး ဂေ​ရ​သား ရှိ​မိ​အ​မည်​ရှိ​သော​သူ​သည် ကျိန်​ဆဲ​လျက် ထွက်​လာ၏။

ဇေ​ရု​ယာ​သား အ​ဘိ​ရှဲ​က​လည်း၊ ရှိ​မိ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​အ​ရှင်​ကို ကျိန်​ဆဲ​သော​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​မ​ဟုတ်​လော​ဟု​ဆို​သော်၊

ထို​အ​ခါ ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​တို့​အ​ဘ ဣ​သ​ရေ​လ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​လည်း၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လျက်​ဦး​ချ၍ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​ကို​လည်း​ကောင်း​ရှိ​ခိုး​ကြ၏။

သူ၏​နှုတ်​သည် ကျိန်​ဆဲ​ခြင်း၊ လှည့်​စား​ခြင်း၊ ရှုတ်​ချ​ခြင်း​နှင့် ပြည့်​ဝ​ပါ၏။ လျှာ​အောက်​မှာ မ​ကောင်း​သော​အ​ကြံ​နှင့် မ​တ​ရား​သော​အ​မှု​ရှိ​ပါ၏။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြည်​ပါ၏။ သီ​ချင်း​ဆို​ပါ​မည်။ ဝိ​ညာဉ်​ပါ​လျက် ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။

အ​ကျွန်ုပ်၏​ရှင်​ဘု​ရင်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို ချီး​မြှောက်​ပါ​မည်။ က​မ္ဘာ​အ​ဆက်​ဆက် နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မွမ်း​လျက် ငါ​မြွက်​ဆို​မည်။ ခပ်​သိမ်း​သော​လူ​တို့​သည် သန့်​ရှင်း​သော​နာ​မ​တော်​ကို က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​ပေး​ကြ​စေ။

ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး၊ ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။

သို့​ဖြစ်၍ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တိတ်​ဆိတ်​စွာ​မ​နေ။ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။

ငါ​သည် ခပ်​သိမ်း​သော​ကာ​လ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် မြွက်​ဆို​မည်။

အ​ကျွန်ုပ်​သည်​လည်း၊ ကိုယ်​တော်၏ ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ကြောင်း​အ​ရာ​ကို မြွက်​ဆို၍ အ​စဉ်​မ​ပြတ် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​နှင့် အ​ကျွန်ုပ်​ကို ကင်း​လွတ်​စေ​တော်​မူ​ပါ။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​ကို အ​ကျွန်ုပ်​လျှာ​သည် ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ပါ​မည်။

အို​ငါ့​ဝိ​ညာဉ်၊ နိုး​လော့။ တ​ယော​နှင့် စောင်း​တို့ နိုး​ကြ​လော့။ ငါ​လည်း စော​စော​နိုး​မည်။

သူ​တို့​ပြော​မိ​သော စ​ကား​တည်း​ဟူ​သော သူ​တို့​နှုတ်၏​အ​ပြစ်​ကြောင့် မိ​မိ​တို့​မာ​န​တွင် ကျော့​မိ​ပါ​စေ​သော။ သူ​တို့ ကျိန်​ဆဲ​သော​စ​ကား​နှင့် မု​သား​စ​ကား​ကြောင့်၊

ထို​သူ​ကို မြင့်​သော​အ​ရပ်​က လှဲ​ခြင်း​ငှာ ကြံ​စည်​လျက်​နေ​ကြ၏။ မု​သား​ကို​နှစ်​သက်​ကြ၏။ နှုတ်​ဖြင့်​ကား၊ ကောင်း​ချီး​ကို​ပေး​လျက်၊ နှ​လုံး၌​ကား၊ ကျိန်​ဆဲ​ခြင်း​ကို ပြု​တတ်​ကြ၏။

ထို​သို့ အ​သက်​ရှင်​စဉ်​တွင် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ပါ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လက်​ကို​ချီ​ပါ​မည်။

အ​ကျွန်ုပ်၏​လျှာ​သည်​လည်း ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​ကို အ​စဉ်​မြွက်​ဆို​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၌ အ​ပြစ်​ပြု​ခြင်း​အ​ခွင့်​ကို​ရှာ​သော​သူ​တို့​သည် မျက်​နှာ​ပျက်၍ အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​ကြ​ပါ၏။

သင်​သည်​ကိုယ်​တိုင် သူ​တစ်​ပါး​တို့​ကို အ​ဖန်​ဖန်​ကျိန်​ဆဲ​ကြောင်း​ကို၊ ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ သိ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍၊ နှုတ်​ခမ်း​နှင့် ငါ့​ကို​ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။ လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို အ​မှီ​ပြု၍ ငါ့​ကို​ကြောက်​ရွံ့​ကြ၏။

ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို၏။ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။-

ငါ​ပ​ညတ်​သည်​ကား၊ သင်​တို့​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ သား​ဖြစ်​လို​သော​ငှာ၊ သင်​တို့၏​ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​ညှဉ်း​ဆဲ​သော သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-

ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည် သာ​ယာ​ခြင်း၊ ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။-

သူ​တို့​နှုတ်​သည် ကျိန်​ဆဲ​သော​စ​ကား၊ ကြမ်း​တမ်း​သော​စ​ကား​နှင့် ပြည့်​ဝ၏။-

ယောက်ျား​သည် ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်၊ ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော​ကြောင့် မိ​မိ​ခေါင်း​ကို မ​ဖုံး​ရ။ မိန်း​မ​မူ​ကား ယောက်ျား၏​ဘုန်း​အ​သ​ရေ​ဖြစ်၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မေ​တ္တာ​အား​ဖြင့် သန့်​ရှင်း​လျက်၊ အ​ပြစ်​ကင်း​လွတ်​လျက် ဖြစ်​မည်​အ​ကြောင်း၊-

ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။

နှုတ်​တစ်​ပါး​တည်း​အ​ထဲ​က၊ ထော​မ​နာ​ချီး​မွမ်း​ခြင်း​နှင့် ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ ထို​သို့​မ​ဖြစ်​ကောင်း​ရာ။-

အ​သက်​ရှင်​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊ ဖောက်​ပြန်​ခြင်း၊ ညစ်​စွန်း​ခြင်း၊ ညှိုး​နွမ်း​ခြင်း​နှင့်​ကင်း​စင်​သော အ​မွေ​တော်​ကို ငါ​တို့​သည် ခံ​ရ​စေ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့်၊ ကြီး​စွာ​သော က​ရု​ဏာ​တော်​နှင့်​အ​ညီ ငါ​တို့​ကို တစ်​ဖန် ဖြစ်​ဖွား​စေ​တော်​မူ​သော၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-

ဥ​ယျာဉ်၌​လည်​လျက် စ​ပျစ်​သီး​ကို သိမ်း​ယူ​လျက် ပျော်​မွေ့​ခြင်း​ကို​ပြု​သ​ဖြင့်၊ မိ​မိ​တို့ ဘု​ရား၏​ကျောင်း​သို့​သွား၍ အ​ဘိ​မ​လက်​ကို ကျိန်​ဆဲ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ