Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယာ​ကုပ် 3:8

Judson Bible

လျှာ​ကို​ကား၊ အ​ဘယ်​လူ​မျှ​မ​အောင်​နိုင်၊ မ​ဆုံး​မ​နိုင်​သော အ​ဆိုး​အ​ညစ်​ဖြစ်၏။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​နှင့် ပြည့်​စုံ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​မြွေ​ကဲ့​သို့ မိ​မိ​တို့​လျှာ​ကို​သွေး​တတ်​ကြ​ပါ၏။ သူ​တို့​နှုတ်​ခမ်း​အ​ထဲ​မှာ မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ရှိ​ပါ၏။

သူ၏​စ​ကား​သည် ထော​ပတ်​ထက်​ချော​သော်​လည်း၊ စစ်​တိုက်​မည်​ဟု အ​ကြံ​ရှိ၏။ သူ၏​စ​ကား​သည် ဆီ​ထက်​ပျော့​သော်​လည်း၊ ထုတ်​သော​ဓား​ဖြစ်၏။

ငါ့​ဝိ​ညာဉ်​သည် ခြင်္သေ့​စု​ထဲ​မှာ​နေ​ရ၏။ ဒေါ​သ​မီး​လောင်​လျက်​ရှိ​သော လူ​သား​တို့​တွင် ငါ​အိပ်​ရ၏။ သူ​တို့​သွား​တို့​သည် လှံ​နှင့်​မြား ဖြစ်​ကြ၏။ သူ​တို့​လျှာ​သည်​လည်း ထက်​သော​သန်​လျက်​ဖြစ်၏။

သူ​တို့​အ​ဆိပ်​သည် မြွေ​အ​ဆိပ်​နှင့် တူ၏။ နား​ပင်း​သော​မြွေ​ဆိုး​သည် မိ​မိ​နား​ကို​ပိတ်၍၊

ထို​သူ​တို့​သည် စော်​ကား​သော​စ​ကား​ကို​ပြော၍၊ သူ​တို့​နှုတ်​ခမ်း​တွင် ဓား​ပါ​လျက် အ​ဘယ်​သူ​ကြား​လိမ့်​မည်​နည်း​ဟု ဆို​တတ်​ကြ​ပါ၏။

သ​ဘော​ကောက်​သော​သူ​သည် ကောင်း​သော​အ​ကျိုး​ကို မ​တွေ့​တတ်။ စ​ကား​လိမ်​သော​သူ​သည် ဘေး​ဥ​ပဒ်​နှင့် တွေ့​ကြုံ​တတ်၏။

မြွေ​သည် ပြု​စား​ခြင်း​ကို​မ​ခံ။ ကိုက်​မိ​လျှင် အ​လ​မ္ပယ်​သ​မား ကျေး​ဇူး​မ​ရှိ။

သူ​တို့၏​လည်​ချောင်း​သည် ဖွင့်​ထား​သော သင်္ချိုင်း​တွင်း​ဖြစ်၏။ သူ​တို့​သည် လျှာ​နှင့် လှည့်​စား​တတ်​ကြ၏။ သူ​တို့​နှုတ်​ခမ်း​အ​ထဲ​မှာ မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ရှိ၏။-

သူ​တို့​စ​ပျစ်​ရည်​သည် န​ဂါး​အ​ဆိပ်၊ ပြင်း​ထန်​သော မြွေ​ဆိုး​အ​ဆိပ်​အ​တောက် ဖြစ်၏။

လျှာ​သည် မီး​ဖြစ်၏။ ဒု​စ​ရိုက်၏ လော​က​ဓာတ်​လည်း​ဖြစ်၏။ ထို​သို့​နှင့်​အ​ညီ၊ လျှာ​သည် ငါ​တို့၏​အင်္ဂါ​တို့​တွင်​တည်၍ တစ်​ကိုယ်​လုံး​ကို ညစ်​ညူး​စေ၏။ ဇာ​တိ​စက်​ကို​လည်း ရှို့​တတ်၏။ မိ​မိ​သည်​လည်း င​ရဲ​မီး​ရှို့​ခြင်း​ကို ခံ​လျက်​ရှိ၏။-

သား​ရဲ​မျိုး၊ ငှက်​မျိုး၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​မျိုး၊ ငါး​မျိုး​တို့​ကို လူ​မျိုး​သည် အောင်​တတ်​သည်​အ​တိုင်း အောင်​ခဲ့​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ