ယာကုပ် 3:10Judson Bibleနှုတ်တစ်ပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။- အခန်းကိုကြည့်ပါ။ |
မင်းတို့သည် လက်ဆောင်ကို ရခြင်းငှာသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှာသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့သည် ငွေကိုရခြင်းငှာသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကိုခိုလှုံလျက်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူသည် မဟုတ်လော၊ ဘေးဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။