Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယာ​ကုပ် 2:1

Judson Bible

ငါ့​ညီ​အစ်​ကို​တို့၊ ဘုန်း​ကြီး​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အ​မှု​မှာ၊ လူ​မျက်​နှာ​ကို ထောက်​ခြင်း​မ​ရှိ​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​စိတ်​ရှိ၍ သ​တိ​ပြု​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင်​သည် မ​တ​ရား​သော​အ​မှု​ကို လက်​ခံ​ခြင်း၊ လူ​မျက်​နှာ​ကို​ထောက်​ခြင်း၊ တံ​စိုး​စား​ခြင်း အ​ခွင့်​ရှိ​တော်​မ​မူ​ဟု မှာ​ထား​တော်​မူ၏။

ထို​မှ​တစ်​ပါး၊ ပ​ညာ​ရှိ​တို့​နှင့်​ဆိုင်​သော အ​ရာ​ဟူ​မူ​ကား၊ တ​ရား​တွေ့​မှု​စီ​ရင်​ရာ​တွင် လူ​မျက်​နှာ​ကို မ​ထောက်​ကောင်း။

လူ​မျက်​နှာ​ကို​မ​ထောက်​ကောင်း။ သို့​သော်​လည်း၊ လူ​သည် မုန့်​တ​ဖဲ့​ကို​ရ​ခြင်း​ငှာ ဒု​စ​ရိုက်​ကို ပြု​လိမ့်​မည်။

တ​ရား​တွေ့​သည်​အ​မှု​မှာ မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ ဆင်း​ရဲ​သော​သူ​ဘက်၌ မ​ငဲ့​ကွက်၊ ကြီး​သော​သူ၏ မျက်​နှာ​ကို​မ​ထောက်​ဘဲ၊ ကိုယ်​အ​မျိုး​သား​ချင်း​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရ​မည်။

မိ​မိ​တ​ပည့်​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ​မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။-

ထို​အ​ခါ​ပေ​တ​ရု​သည် နှုတ်​ကို​ဖွင့်၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မှတ်​တော်​မ​မူ။-

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နောင်​တ​ရ​ခြင်း​တ​ရား​ကို​လည်း​ကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​တို့​အား သက်​သေ​ခံ​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။

ထို​နောက်​များ​မ​ကြာ၊ ဖေ​လဇ်​မင်း​သည် ယု​ဒ​အ​မျိုး​ဖြစ်​သော မိ​မိ​ခင်​ပွန်း​ဒြု​သိ​လေ​နှင့်​တ​ကွ လာ​ပြီး​လျှင်၊ ပေါ​လု​ကို​ခေါ်၍ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော​စ​ကား​ကို နား​ထောင်​လေ၏။-

သ​တေ​ဖန်​က၊ ညီ​အစ်​ကို အ​ဘ​တို့ နား​ထောင်​ကြ​ပါ​လော့။ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ ခါ​ရန်​မြို့၌​မ​နေ​မီ၊ မေ​သော​ပေါ​တာ​မိတိုင်း၌ ရှိ​စဉ်​အ​ခါ၊ ဘုန်း​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ထင်​ရှား​တော်​မူ၍၊-

သင်​တို့​သည် မြဲ​မြံ​ခိုင်​ခံ့​မည်​အ​ကြောင်း၊ ငါ​သည် သင်​တို့၌ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တစ်​စုံ​တစ်​ခု​ကို အပ်​ပေး​ခြင်း​ငှာ၊ သင်​တို့​ကို အ​လွန်​တွေ့​မြင်​ချင်​ပါ၏။-

ထို​ပ​ညာ​ကို လော​ကီ​မင်း​တစ်​စုံ​တစ်​ယောက်​မျှ မ​သိ။ သိ​လျှင်၊ ဘုန်း​ကြီး​တော်​မူ​သော​သ​ခင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ မ​ကွပ်​မျက်​ကြ​ပြီ။-

တ​ရား​အ​မှု​ကို​စီ​ရင်​သော​အ​ခါ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​ထောက်​ရ။ လူ​ငယ်​စ​ကား​ကို လူ​ကြီး​စ​ကား​ကဲ့​သို့ မှတ်​ရ​မည်။ အ​ဘယ်​လူ​ကို​မျှ မ​ကြောက်​ရ။ အ​ကြောင်း​မူ​ကား၊ တ​ရား​အ​မှု​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ကြောင့်​တည်း။ ကိုယ်​တိုင်​မ​စီ​ရင်​တတ်​သော​အ​မှု​ကို ငါ့​ထံ​မှာ​အ​ယူ​ခံ​ရ​မည်။ ငါ​လည်း​နား​ထောင်​မည်​ဟု မှာ​ခဲ့၏။

သင်​သည် တ​ရား​လမ်း​မှ မ​လွှဲ​ရ။ လူ​မျက်​နှာ​ကို မ​ထောက်​ရ။ တံ​စိုး​ကို မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​မျက်​စိ​ကို ကွယ်​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​စ​ကား​ကို ကောက်​စေ​တတ်၏။

ထို​ယုံ​ကြည်​ခြင်း​မှ စ​သည်​တို့​ကို အ​ချို့​သော​သူ​တို့​သည် ပယ်​ပြီး​လျှင်၊ ယုံ​ကြည်​ခြင်း​သင်္ဘော​ပျက်၍ ဆုံး​ရှုံး​ကြ​ပြီ။-

ရှေ့​မ​ဆွ​က​မ​စီ​ရင်၊ ငဲ့​ကွက်​သော​စိတ်​နှင့် အ​လျှင်း​မ​ပြု​ဘဲ၊ ဤ​ပ​ညတ်​များ​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ရှေ့​မှာ​လည်း​ကောင်း၊ ရွေး​ကောက်​တော်​မူ​သော ကောင်း​ကင်​တ​မန်​တို့ ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး၏။

မု​သား​နှင့်​ကင်း​စင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ က​တိ​ထား​တော်​မူ၍၊ ငါ​တို့​ကို​ကယ်​တင်​သော အ​ရှင်​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း၊ ငါ၌​အပ်​ထား​သော တ​ရား​ဟော​ခြင်း အ​ခွင့်​အား​ဖြင့် တော်​လျော်​သော​အ​ချိန်၌၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထင်​ရှား​စေ​တော်​မူ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​ဖြစ်၍၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​ဆိုင်​သော သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော သူ​တို့၏ ယုံ​ကြည်​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ကျွန်​တည်း​ဟူ​သော၊ ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည်၊-

ထို​သား​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်၏ ပုံ​သ​ဏ္ဌာန်​ဖြစ်၍၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော မိ​မိ​အ​မိန့်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စ​တော်​မူ​သော​သူ​ဖြစ်​လျက်၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​လျှင်၊ မြင့်​သော​အ​ရပ်​မှာ တန်​ခိုး​အာ​နု​ဘော်​တော်၏ လက်​ယာ​ဘက်၌ ထိုင်​တော်​မူ၏။

ယုံ​ကြည်​ခြင်း​ကို အ​စ​အ​ဦး​စီ​ရင်၍ စုံ​လင်​စေ​တော်​မူ​သော သ​ခင်​ယေ​ရှု​ကို စေ့​စေ့​ထောက်​ရှု​ကြ​ကုန်​အံ့။ ထို​သ​ခင်​သည် မိ​မိ​ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ကြောင့်၊ ရှက်​ကြောက်​သော​အ​ရာ​ကို မ​မှတ်​ဘဲ လက်​ဝါး​ကပ်​တိုင်၌ ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော် လက်​ယာ​ဘက်၌ ထိုင်​နေ​တော်​မူ၏။-

ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​လွဲ​မ​ယူ​ကြ​နှင့်။-

သို့​ဖြစ်၍၊ ငါ​ချစ်​သော ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ။ စ​ကား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း​ငှာ​လည်း​ကောင်း နှေး​ကြ​စေ။-

တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်၍၊ ကောင်း​မွန်​သော ဤ​အ​ရပ်​မှာ​ထိုင်​ပါ ဟူ၍​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို၊ ဟို​မှာ​နေ​လော့၊ သို့​မ​ဟုတ် ဤ​အ​ရပ်​မှာ ငါ့​ခြေ​တင်​ခုံ​အောက်၌ ထိုင်​လော့​ဟူ၍​လည်း​ကောင်း၊ သင်​တို့​သည် ပြော​ဆို​လျှင်၊-

သို့​မ​ဟုတ် လူ​မျက်​နှာ​ကို​ထောက်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​သော​သူ​ဖြစ်​ကြ၏။ တ​ရား​ကို လွန်​ကျူး​သော​သူ​ဟု ပ​ညတ်​တော်​အား​ဖြင့် ထင်​ရှား​စွာ​ဖြစ်​ကြ၏။-

အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မူ​ကား၊ ရှေ့​ဦး​စွာ​စင်​ကြယ်၏။ ထို​မှ​တစ်​ပါး၊ အ​သင့်​အ​တင့်​နေ​တတ်၏။ ဖြည်း​ညင်း​သော​သ​ဘော ရှိ၏။ သွေး​ဆောင်​လွယ်၏။ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ ကောင်း​ကျိုး​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ လျစ်​လျူ​သော​စိတ်​ရှိ၏။ လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စင်၏။-

ယေ​ရှု​ခ​ရစ်၏​ကျွန် တ​မန်​တော် ငါ​ရှိ​မုန်​ပေ​တ​ရု​သည် ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​တို့ ဘု​ရား​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ငါ​တို့​ယုံ​ကြည်​သည်​နည်း​တူ၊ မြတ်​စွာ​သော ယုံ​ကြည်​ခြင်း​ကို ရ​သော​သူ​တို့​အား ကြား​လိုက်​ပါ၏။-

ထို​သူ​တို့​သည် မြည်​တမ်း၍ အ​ပြစ်​တင်​တတ်​သော​သူ၊ ကိုယ်​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​တတ်​သော​သူ၊ ထောင်​လွှား​သော စ​ကား​ကို ပြော​တတ်​သော​သူ၊ ကိုယ်​အ​ကျိုး​စီး​ပွား​ကြောင့် သူ့​မျက်​နှာ​ကို ထောက်​ထား ခန့်​ညား​တတ်​သော​သူ ဖြစ်​ကြ၏။

ဘု​ရား​သ​ခင်၏ ပ​ညတ်​တို့​ကို​လည်း​ကောင်း၊ ယေ​ရှု၏ ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ စောင့်​ရှောက်​သော သန့်​ရှင်း​သူ​တို့​သည် ဤ​အ​ရာ၌ သည်း​ခံ​စ​ရာ​အ​ကြောင်း​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ