ယာကုပ် 1:9Judson Bibleအောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။- အခန်းကိုကြည့်ပါ။ |
ဝမ်းနည်းသောသူကဲ့သို့ ဖြစ်သော်လည်း၊ အစဉ်ဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ ဖြစ်သော်လည်း၊ လူအများကို ရတတ်စေသောသူ၊ ဥစ္စာတစ်စုံတစ်ခုကိုမျှ မပိုင်သောသူကဲ့သို့ ဖြစ်သော်လည်း၊ အလုံးစုံတို့ကိုပိုင်သောသူ ဖြစ်သဖြင့်လည်းကောင်း၊ ဘုရားသခင်ခန့်ထားတော်မူသော ဓမ္မဆရာမှန်ကြောင်းကို အရာရာ၌ ထင်ရှားစွာပြ၏။
ဆင်းရဲသောသူကို မြေမှုန့်ထဲကလည်းကောင်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကလည်းကောင်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင်၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ။