ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ ထာဝရဘုရား၏ လက်တော်မှ တစ်စုံတစ်ခုကို ရမည်ဟု မထင်မမှတ်စေနှင့်။
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရဘုရားစက်ဆုပ်ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသောပတ္ထနာကိုကား၊ နှစ်သက်တော်မူ၏။
မတရားသောသူပူဇော်သောယဇ်သည် စက်ဆုပ်ရွံရှာဖွယ် ဖြစ်၏။ ထိုမျှမက၊ မတရားသောစိတ်နှင့် ပူဇော်လျှင် သာ၍ဖြစ်၏။
သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသောပတ္ထနာကိုပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။
သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသော သူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။-
ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဖို့ ရှိစေခြင်းငှာ၊ အလွဲတောင်းသောကြောင့် မရကြ။-