Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယာ​ကုပ် 1:10

Judson Bible

ငွေ​ရ​တတ်​သော ညီ​အစ်​ကို​သည် မိ​မိ​နှိမ့်​ချ​ဆင်း​ရဲ​ခြင်း​အ​ရာ၌ ဝါ​ကြွား​ဝမ်း​မြောက်​စေ။ အ​ကြောင်း​မူ​ကား၊ သူ​သည် မြက်​ပွင့်​ကဲ့​သို့ ဖောက်​ပြန်​ခြင်း​သ​ဘော ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ပန်း​ပွင့်​ကဲ့​သို့​ပွင့်၍ ရိတ်​ဖြတ်​ခြင်း​ကို ခံ​ရ​ပါ၏။ မ​တည်​မ​ရပ်​ဘဲ အ​ရိပ်​ကဲ့​သို့ ရွေ့​သွား​တတ်​ပါ၏။

အ​ကျွန်ုပ်၏​နေ့​ရက်​တို့​သည် ရှည်​လျား​သော အ​ရိပ်​ကဲ့​သို့​ဖြစ်၍၊ မြက်​ပင်​ကဲ့​သို့ အ​ကျွန်ုပ်​ညှိုး​နွမ်း​ပါ၏။

လူ​တို့၏​နေ့​ရက်​ကာ​လ​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်၏။ လူ​သည်​လယ်​ပြင်၌​ရှိ​သော ပန်း​ပွင့်​ကဲ့​သို့ ပွင့်​တတ်၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် မ​ကြာ​မ​မြင့်​မီ မြက်​ပင်​ကဲ့​သို့ ရိတ်​ခြင်း​ကို​ခံ​ရ၍၊ စိမ်း​သော​ပျိုး​ပင်​ညှိုး​နွမ်း​သ​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။

အ​ကယ်​စင်​စစ်​လူ​သည် အ​ရိပ်၌​သာ ကျင်​လည်​ပါ၏။ အ​ကယ်​စင်​စစ် လူ​တို့​သည် အ​ကျိုး​မဲ့ ပင်​ပန်း​ကြ​ပါ၏။ ဥ​စ္စာ​ကို​ဆည်း​ပူး​သော်​လည်း အ​ဘယ်​သူ​ရ​အံ့​သည်​ကို မ​သိ​ရ​ပါ။

တစ်​ဖန် ထို​အ​သံ​က၊ ဟစ်​ကြော်​လော့​ဟု​ဆို​လျှင် ငါ​က၊ အ​ဘယ်​အ​ရာ​ကို ဟစ်​ကြော်​ရ​မည်​နည်း​ဟု မေး​သော်၊ လူ​မျိုး​ရှိ​သ​မျှ​သည် မြက်​ပင်​ဖြစ်၏။ လူ​မျိုး၏​ဘုန်း​ရှိ​သ​မျှ​သည်​လည်း တော​အ​ပွင့်​ကဲ့​သို့ ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား၏​လေ​တိုက်​သော​အ​ခါ၊ မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။ အ​ကယ်​စင်​စစ် လူ​တို့​သည် မြက်​ပင်​ဖြစ်​ကြ၏။

အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ခြင်း​ဟု နာ​မ​ရှိ​တော်​မူ​ထ​သော၊ အ​န​န္တ​ကာ​လ​တည်း​ဟူ​သော ဘုံ​ဗိ​မာန်၌ စံ​တော်​မူ​ထ​သော၊ အထွတ်​အ​မြတ် ဖြစ်​တော်​မူ​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြင့်​မြတ်​သန့်​ရှင်း​သော အ​ရပ်၌​နေ၏။ စိတ်​နှိမ့်​ချ​သော​သူ​နှင့်၊ နှ​လုံး​ကြေ​ကွဲ​သော သူ​တို့၏​စိတ်​ဝိ​ညာဉ်​အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ကြေ​ကွဲ​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ​သော​သူ​တို့၌​လည်း ငါ​နေ၏။

ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ငါ့​ကိုယ်​တိုင် ဖန်​ဆင်း​သော​ကြောင့် ဖြစ်​ကြ၏။ စိတ်​နှိမ့်​ချ​ခြင်း၊ နှ​လုံး​ကြေ​ကွဲ​ခြင်း၊ ငါ့​စ​ကား​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​သော​သူ​ကို​သာ ငါ​ကြည့်​ရှု​မည်။

စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-

ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ ယ​နေ့ အ​သက်​ရှင်​လျက် နက်​ဖြန် မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။-

ဤ​လော​က​ကို သုံး​သော​သူ​သည် မ​သုံး​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဤ​လော​က၏​အ​ဆင်း​သ​ဏ္ဌာန်​သည် ရွေ့​သွား ကွယ်​ပျောက်​တတ်၏။-

ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။-

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-

နက်​ဖြန်​နေ့၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သင်​တို့​မ​သိ​ကြ။ သင်​တို့ အ​သက်​သည် အ​ဘယ်​သို့​သော​အ​ရာ ဖြစ်​သ​နည်း။ ခ​ဏ​ထင်​ရှား​ပြီး​မှ ကွယ်​ပျောက်​တတ်​သော အ​ခိုး​အ​ငွေ့​ဖြစ်၏။-

လူ​မျိုး​ရှိ​သ​မျှ​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်၏။ လူ​မျိုး၏ ဘုန်း​ရှိ​သ​မျှ​သည်​လည်း မြက်​ပွင့်​ကဲ့​သို့​ဖြစ်၏။ မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။-

လော​က​နှင့် လော​ကီ​တပ်​မက်​ခြင်း​သည် ရွေ့​သွား​ကွယ်​ပျောက်​တတ်၏။ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကျင့်​သော​သူ​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ