Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မဿဲ 9:3

Judson Bible

ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊ ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သည်​ဟု ထင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပြစ်​မှား​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​ကို အ​မှန်​ကျောက်​ခဲ​နှင့် ပစ်​ရ​ကြ​မည်။ အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ နာ​မ​တော်​ကို​ပြစ်​မှား​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ရဲ​ရင့်​စွာ​ပြစ်​မှား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရို​သေ​ရာ​သို့ ရောက်​သည်​ဖြစ်၍၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက် ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​ပြီ။ အ​ဘယ်​သက်​သေ​ကို​လို​သေး သ​နည်း။ ဘု​ရား​ကို​လွန်​ကျူး၍​ပြော​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့ ကြား​ရ​ပြီ။-

အ​ကြောင်း​မူ​ကား၊ ကျမ်း​ပြု​ဆ​ရာ​နည်း​တူ မ​ဟုတ်၊ အ​စိုး​ရ​သော သူ​နည်း​တူ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-

ဘု​ရား​ကို လွန်​ကျူး၍​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။ အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ကိုယ်​တော်​သည် အ​သေ​ခံ​ထိုက်​ကြောင်း​ကို ထို​သူ​အ​ပေါင်း​တို့​သည် စီ​ရင်​ကြ၏။-

ငါ​အ​မှန်​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​သား​တို့​သည် ရ​နိုင်​ကြ၏။-

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​သည် အ​ပြစ်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို အ​ဘယ်​ကာ​လ၌​မျှ မ​ရ​နိုင်​ကြ။ ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​သူ​ဖြစ်​ပေ၏​ဟု မိန့်​တော်​မူ၏။-

လူ​အ​တွင်း​နှ​လုံး​ထဲ​က မ​ကောင်း​သော ကြံ​စည်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊-

ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု ထင်​မှတ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ