Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မဿဲ 8:6

Judson Bible

သ​ခင်၊ ကျွန်​တော်၏ ငယ်​သား​တစ်​ယောက်​သည် လက်​ခြေ​သေ​သည်​အ​နာ​နှင့် ပြင်း​စွာ​ခံ​ရ၍ အိမ်​တွင် တုံး​လုံး​နေ​ပါ​သည်​ဟု တောင်း​ပန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။

ယေ​ရှု​က​လည်း ငါ​လာ၍ ချမ်း​သာ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊-

လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-

ထို​သို့​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သွား​ပြီး​မှ၊ ကော်​နေ​လိ​သည် မိ​မိ​ငယ်​သား​နှစ်​ယောက်​နှင့်​တ​ကွ မိ​မိ​ထံ၌ မ​ပြတ်​ခ​စား​သော​လူ​စု​အ​ဝင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​သော စစ်​သူ​ရဲ​တစ်​ယောက်​ကို​ခေါ်၍၊-

အ​ကြောင်း​မူ​ကား၊ နတ်​ဆိုး​စွဲ​သော သူ​များ​တို့၏​အ​ထဲ​မှ နတ်​ဆိုး​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် အော်​ဟစ်​လျက် ထွက်​သွား​ကြ၏။ ကိုယ်​မ​လှုပ်​နိုင်​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​အ​များ​တို့​သည်​လည်း ပ​က​တိ​အ​ဖြစ်​သို့ ရောက်​ကြ၏။-

ထို​အ​ရပ်၌ အဲ​နေ​အ​မည်​ရှိ​သော လက်​ခြေ​သေ​၍​ရှစ်​နှစ်​ပတ်​လုံး အိပ်ရာ၌တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို တွေ့​လျှင်၊ အဲ​နေ၊ ယေ​ရှု​ခ​ရစ်​သည် သင့်​အား​ချမ်း​သာ​ပေး​တော်​မူ၏။-

ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။

သ​ခင်​တို့၊ သင်​တို့၏​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သည်​ကို သိ​မှတ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၊ မျှ​ခြင်း​တ​ရား​နှင့်​အ​ညီ ကိုယ်​ကျွန်​တို့​ကို ပြု​ကြ​လော့။

သ​ခင်​သည် ယုံ​ကြည်​သော​သူ​ဖြစ်​လျှင်၊ ညီ​အစ်​ကို​ဖြစ်​သည်​ဟု စိတ်​ထင်​နှင့်၊ မ​ခန့်​မ​ညား​မ​ပြု​စေ​နှင့်။ အ​စေ​ခံ​ခြင်း၏​အ​ကျိုး​ကို ခံ​ရ​သော​သူ​သည် ယုံ​ကြည်​သော​သူ၊ ချစ်​အပ်​သော​သူ​ဖြစ်​သော​ကြောင့် သာ၍ အ​စေ​ခံ​စေ။ ဤ​သို့​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။

ထို​သို့​ဆို​သော်၊ အ​စေ​ခံ​ကျွန်​ကဲ့​သို့​ရ​မည်​ဟု မ​ဆို​လို၊ ငါ၌ အ​ထူး​သ​ဖြင့် ချစ်​သော​ညီ၊ သင်၌​ကား၊ ဇာ​တိ​အား​ဖြင့်​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ သာ၍​ချစ်​သော ညီ​ကဲ့​သို့​ရ​မည်​ဟု ဆို​လို​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ