Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မဿဲ 8:18

Judson Bible

များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် နေ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ကမ်း​တစ်​ဖက်​သို့ ကူး​မည့်​အ​ကြောင်း အ​မိန့်​တော်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက်​သို့ အ​ရင် ကူး​စေ​တော်​မူ၏။-

ကိုယ်​တော်​သည် တောင်​ပေါ်​မှ​ဆင်း​ကြွ​တော်​မူ​လျှင်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။-

ထို​နေ့​ည​အ​ချိန်၌ ကိုယ်​တော်​က၊ ကမ်း​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊-

ယေ​ရှု​သည် ကမ်း​တစ်​ဖက်​သို့​ကူး​ပြန်၍ အိုင်​နား​မှာ ရှိ​တော်​မူ​စဉ်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်၌ စု​ဝေး​ကြ၏။-

စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင် တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက် ဗက်​ဇဲ​ဒ​မြို့​သို့ အ​ရင်​ကူး​စေ​တော်​မူ၏။-

ထို​သူ​တို့ ရှိ​ရာ​မှ​ထွက်၍ တစ်​ဖန် လှေ​ထဲ​သို့ ဝင်​ပြီး​လျှင် ကမ်း​တစ်​ဖက်​သို့ ပြန်​တော်​မူ၏။

တစ်​နေ့​သ၌ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ထဲ​သို့​ဝင်၍၊ အိုင်​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​ပြီး​လျှင် လွှင့်​သွား​ကြ၏။-

ထို​သူ​တို့​သည် ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ​လာ၍ အ​နိုင်​အ​ထက်​ပြု​ကြ​မည်​အ​ကြောင်း​ကို ယေ​ရှု​သည်​သိ​တော်​မူ​လျှင်၊ တောင်​ပေါ်​သို့ တစ်​ယောက်​တည်း​ကြွ​တော်​မူ​ပြန်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ