Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မဿဲ 24:8

Judson Bible

ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး​ပင် ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကျေး​ဇူး​ကို မ​ခံ​ရ​သော​သူ​တို့​သည်၊ ချုပ်​ထား​လျက်​ရှိ​သော သူ​တို့​အောက်​မှာ ဦး​ချ​ရ​ကြ​လိမ့်​မည်။ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့​အောက်​မှာ လဲ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

ရှေ့၌​ကား ရှု​ရိ​လူ၊ နောက်၌​ကား ဖိ​လိ​တ္တိ​လူ​တို့​သည် ပါး​စပ်​ဟ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကိုက်​စား​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​သော လူ​ပျို​တို့​ကို အား​ရ​တော်​မ​မူ။ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​တို့​ကို သ​နား​တော်​မ​မူ။ ထို​သူ​အ​ပေါင်း​တို့​သည် အ​ဓ​မ္မ​ပြု​သော​သူ၊ ဆိုး​ညစ်​သော​သူ​ဖြစ်၍၊ မ​တ​ရား​သော​စ​ကား​ကို ပြော​တတ်​ကြ၏။ သို့​ဖြစ်၍၊ အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

မ​နာ​ရှေ​အ​မျိုး​သည် ဧ​ဖ​ရိမ်​အ​မျိုး​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး​ကို​လည်း​ကောင်း ကိုက်​စား​ကြ​လိမ့်​မည်။ ထို​နှစ်​မျိုး​တို့​သည် ယု​ဒ​အ​မျိုး​ကို တ​ညီ​တ​ညွတ်​တည်း ရန်​ပြု​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

သူ​သည် သား​ဖွား​သော မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို ခံ​ရ​ချိန်​နီး​ပြီ။ မိုက်​သော​အ​မျိုး​သား​ဖြစ်၏။ သား​ဖွား​ရာ​ဝမ်း​ဝ၌ ကြာ​မြင့်​စွာ နေ​ပါ​သည်​တ​ကား။

လူ​တစ်​မျိုး​နှင့် တစ်​မျိုး၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ မြေ​ကြီး​လှုပ်​ခြင်း ဖြစ်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​နှင့် မ​ငြိမ်​မ​သက်​ခြင်း​တို့​သည်​လည်း ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး ဖြစ်​သ​တည်း။-

ထို​အ​မှု​အ​ရာ​များ​မ​ဖြစ်​မီ လူ​များ​တို့​သည် ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို ဖမ်း​ဆီး​ညှဉ်း​ဆဲ၍ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ထောင်​ထဲ၌​လည်း​ကောင်း အပ်​နှံ​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်၊ ဝန်​မင်း​ထံ​သို့ ပို့​ဆောင်​ကြ​လိ​မ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည် သင်​ခံ​ရ​သော​ဘေး၊ သင့်​အ​မျိုး​အ​နွယ် ခံ​ရ​သော​ဘေး​တို့​ကို အံ့​ဩ​ဖွယ်​သော​ဘေး၊ အ​လွန်​ကြီး၍ မြဲ​မြံ​သော​ဘေး၊ အ​လွန်​ပြင်း၍ မြဲ​မြံ​သော​ရော​ဂါ​ဝေ​ဒ​နာ ဖြစ်​စေ​တော်​မူ​မည်။

ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-

အ​ချင်း​သူ​ဌေး၊ သူ​ကြွယ်​တို့၊ ယ​ခု​လာ​ကြ၊ သင်​တို့​အ​ပေါ်၌ ရောက်​လ​တ္တံ့​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကြောင့် ငို​ကြွေး​အော်​ဟစ်​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ