ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က လုပ်ဆောင်သော သူတို့ကို ခေါ်ခဲ့လော့။ နောက်ဝင်သော သူမှစ၍ အရင်အဦးဝင်သော သူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကို မှာလိုက်လေ၏။-
အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲသွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကိုပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။
ယောသပ်၏ဝန်စာရေးအနီးသို့ ချဉ်းကပ်၍ အိမ်တံခါးနားမှာနှုတ်ဆက်လျက်၊
ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာကို မတရားသဖြင့်မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှားခံထိုက်သောအခကို တစ်ညလုံးနံနက်တိုင်အောင် မထားရ။
ထိုသူတို့က၊ ကျွန်တော်တို့ကို အဘယ်သူမျှ မငှားပါဟု ပြောဆိုကြလျှင်၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့ သွားကြ။ တော်လျော်စွာ ရကြလိမ့်မည်ဟု ဆိုလေ၏။
ထိုကြောင့် ဆယ်တစ်နာရီအချိန်၌ ဝင်သောသူတို့သည် လာ၍ ဒေနာရိတစ်ပြားစီ ခံကြ၏။-
ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့၏ အရှင်သည် လာ၍ သူတို့ကို စာရင်းယူလေ၏။-
လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊-
သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။ တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ မသွားကြနှင့်။-
သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။-
ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယားယောဟန္နနှင့် ရှုရှန္နမှစ၍ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကို လုပ်ကျွေးသော အခြားမိန်းမအများ ပါကြ၏။
အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှာ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။
နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက်သောအခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကိုအပြစ်တင်၍ ထာဝရဘုရားကို အော်ဟစ်သဖြင့် သင်၌အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ ဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတစ်ပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောသူ မဖြစ်ရဘဲ၊-
ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တစ်ခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တစ်ဖန် ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့။
သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်း ဝေငှပေးကမ်းကြလော့။-
လယ်ခေါင်းက၊ မောဘပြည်မှ နောမိနှင့်အတူလိုက်လာသော မောဘအမျိုးသမီး ဖြစ်ပါ၏။