Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မဿဲ 13:3

Judson Bible

ထို​အ​ခါ ဥ​ပ​မာ​စ​ကား​များ​တို့​ကို မြွက်​ဆို​တော်​မူ​သည်​မှာ၊ မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ပုံ​စ​ကား​သို့ ကိုယ်​နား​ကို​လှည့်​လျက် နက်​နဲ​သော​အ​ရာ​ကို စောင်း​တီး၍ ဖွင့်​ပြ​ပေ​အံ့။

ပုံ​စ​ကား​ကို ငါ​မြွက်​ဆို၍၊ ရှေး​ကာ​လ၏ နက်​နဲ​သော​အ​ရာ​များ​ကို ဖော်​ပြ​ပေ​အံ့။

အ​ချင်း​လူ​သား၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​အား စ​ကား​ထာ​ဝှက်၍​ပုံ​ပြော​လျက်၊

ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​က၊ ဤ​သူ​သည် ပုံ​ပ​မာ​ကို​သာ​ဆောင်၍ ဟော​ပြော​တတ်​သည်​မ​ဟုတ်​လော​ဟု၊ အ​ကျွန်ုပ်​ကို​ရည်​မှတ်၍ ဆို​တတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

ထို​ကာ​လ​တွင် သင်​တို့​တစ်​ဖက်၌ ပုံ​စ​ကား​ကို​သုံး၍၊ အ​လွန်​ပြင်း​စွာ မြည်​တမ်း​ရ​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့​သည် ရှင်း​ရှင်း ပျက်​စီး​ကြ​ပြီ။ ငါ့​အ​မျိုး​သား​ခံ​စား​ရ​သော အ​ဖို့​ကို​လဲ၍ ငါ့​လက်​မှ ရုပ်​တော်​မူ​ပြီ​တ​ကား။ ငါ​တို့ လယ်​ကွက်​များ​ကို ရုပ်​သိမ်း၍၊ သူ​တစ်​ပါး​တို့​အား ဝေ​ဖန်​တော်​မူ​ပြီ။

ထို​သူ​အ​ပေါင်း​တို့​သည် သူ​တစ်​ဖက်၌ ပုံ​စ​ကား​နှင့် ကဲ့​ရဲ့​သော နိ​မိတ်​စ​ကား​ကို သုံး​ဆောင်​လျက်၊ ကိုယ်​မ​ပိုင်​သော ဥ​စ္စာ​ကို ဆည်း​ပူး​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​အ​ပေါ်​မှာ ကြွေး​များ​ကို တင်​စေ​ပါ​လိမ့်​မည်​နည်း​ဟု မြွက်​ဆို​ကြ​မည် မ​ဟုတ်​လော။

အ​စေ့​ကို​ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့် ငှက်​တို့​သည် လာ၍​ကောက်​စား​ကြ၏။-

ထို​ဥ​ပ​မာ​စ​ကား​များ​ကို အ​ကုန်​အ​စင်​မိန့်​မြွက်​တော်​မူ​ပြီး​လျှင် ထို​အ​ရပ်​မှ​ကြွ​သွား​တော်​မူ၏။

တစ်​ဖန် ယေ​ရှု​သည် ဥ​ပ​မာ​ကို​ဆောင်၍ ပ​ရိ​သတ်​တို့​အား မိန့်​မြွက်​တော်​မူ​သည်​ကား၊-

သင်္ဘော​သ​ဖန်း​ပင်​ကို အ​စွဲ​ပြု၍ ပုံ​သက်​သေ​တစ်​ခု​ကို မှတ်​ကြ​လော့။ သင်္ဘော​သ​ဖန်း​ပင်​သည် အ​ခက်​အ​လက်​နု၍ အ​ရွက်​ပေါက်​သော​အ​ခါ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ၏။-

ထို​အ​ခါ ဥ​ပ​မာ​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍၊ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-

ထို​သူ​တို့​သည် မိ​မိ​တို့​ကို​ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို သိ​သော​ကြောင့်၊ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း စု​ဝေး​သော​သူ​တို့​ကို ကြောက်​သော​ကြောင့် အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။

ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍ ဥ​ပ​မာ​ကို ဆောင်​တော်​မူ​လျက်၊ စာ​တန်​သည် စာ​တန်​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​သ​နည်း။-

သင်​တို့​သည် ဤ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​လျှင်၊ ဥ​ပ​မာ​ရှိ​သ​မျှ​တို့​ကို အ​ဘယ်​သို့ နား​လည်​ကြ​မည်​နည်း။-

ထို​သို့​သော ဥ​ပ​မာ​စ​ကား​များ​အား​ဖြင့် ကိုယ်​တော်​သည် ပ​ရိ​သတ်​များ နား​ထောင်​နိုင်​သည်​အ​တိုင်း တ​ရား​ဟော​တော်​မူ၏။-

ပေ​တ​ရု​က​လည်း၊ သ​ခင်၊ ဤ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား​သာ မိန့်​တော်​မူ​သ​လော။ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သ​လော​ဟု မေး​လျှောက်​လျှင်၊-

ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။

ဤ​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် ငါ​ဟော​ပြော၏။ ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​မ​ပြော​ဘဲ၊ ခ​မည်း​တော်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်​တို့​အား အ​တည့်​အ​လင်း​ဖော်​ပြ​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ