ကိုယ်တော်ကလည်း၊ မိမိ၌ သိုးတစ်ကောင်တည်းရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင်၊ မဆွဲမတင်ဘဲ နေမည့်သူ တစ်စုံတစ်ယောက်မျှ သင်တို့တွင် ရှိသလော။-
ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။-
ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ချင်းမဆွဲမတင်ဘဲ နေမည့်သူ တစ်စုံတစ်ယောက်သည် သင်တို့တွင်ရှိသလောဟု မေးတော်မူလျှင်၊-
ညီအစ်ကို၏ မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက် မစရမည်။