ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့် ဇာရ။ ဖာရက်သား ဟေဇရုံ။ ဟေဇရုံသား အာရံ။-
သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့သေမည်ဟု ယုဒသည်စိုးရိမ်၍၊ မိမိချွေးမတာမာကိုခေါ်ပြီးလျှင်၊ ငါ့သားရှေလမကြီးမီ သင်သည် သင့်အဘ၏အိမ်၌ မုဆိုးမပြု၍နေပါဟုဆိုသည်အတိုင်း၊ တာမာသွား၍ မိမိအဘ၏အိမ်၌နေလေ၏။
ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာအမည်ရှိသော သတို့သမီးနှင့် စုံဖက်စေ၏။
ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့် ဩနန်သည် ခါနာန်ပြည်၌သေသတည်း။ ဖာရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
ယုဒသားကား ဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတည်း။
ဇေရအမျိုးယွေလနှင့် သူ၏ညီအစ်ကိုတစ်စု ပေါင်းခြောက်ရာကိုးဆယ်တည်း။
အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစ်စု။-
အာရံသား အမိနဒပ်။ အမိနဒပ်သား နာရှုန်။ နာရှုန်သား စာလမုန်။-
နာရှုန်အဘ အမိနဒပ်၊ အမိနဒပ်အဘ အာရံ၊ အာရံအဘ ဟေဇရုံ၊ ဟေဇရုံအဘ ဖာရက်၊ ဖာရက်အဘ ယုဒ၊-