Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မဿဲ 1:12

Judson Bible

ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​သည်​နောက်၊ ယေ​ခေါ​နိ​သား ရှာ​လ​သေ​လ။ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​သား​မှူး​မတ်၊ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တစ်​သောင်း၊ အ​ထူး​ထူး​အ​ပြား​ပြား​သော ဆ​ရာ​သ​မား​အ​ပေါင်း​တို့​ကို​သိမ်း​သွား၍၊ သာ​မ​ည​ဆင်း​ရဲ​သား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​ကျန်​ကြွင်း​ရ။

ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​သည် အ​ချုပ်​ခံ​ရ​သော သ​က္က​ရာဇ်​သုံး​ဆယ်​ခု​နစ်​နှစ်၊ ဒွါ​ဒ​သ​မ​လ နှစ်​ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဧ​ဝိ​လ​မေ​ရော​ဒက်​နန်း​စံ စ​က၊ ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​ကို ထောင်​ထဲ​က​နုတ်၍ ချမ်း​သာ​ပေး​လေ၏။

အ​ကျဉ်း​ခံ​ရ​သော ယေ​ခေါ​နိ​သား​ကား ရှာ​လ​သေ​လ၊

ထို​အ​ခါ ယော​ဇ​ဒက်​သား​ယော​ရှု​နှင့် သူ၏​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​များ၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် သူ၏​ညီ​အစ်​ကို​များ​တို့​သည် ထ၍ ဘု​ရား​သ​ခင်၏​လူ မော​ရှေ​ရေး​ထား​သော ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သည် အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​လို​သော​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​ယဇ်​ပ​လ္လင်​ကို တည်​ကြ၏။

ထို​ဘု​ရား​သ​ခင်၏ ပ​ရော​ဖက်​တို့​သည် ဝိုင်း​သ​ဖြင့်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ဇ​ဒက်​သား ယော​ရှု​သည် ထ၍ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တည်​စ​ပြု​ပြန်​ကြ၏။

ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ရှု​နောက်​သို့ လိုက်​လာ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​ဟူ​မူ​ကား၊ စ​ရာ​ယ၊ ယေ​ရ​မိ၊ ဧ​ဇ​ရ၊

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မင်း​ကြီး၏​သား ခေါ​နိ​သည်၊ ငါ့​လက်​ယာ​လက်၌​ပါ​သော တံ​ဆိပ်​လက်​စွပ်​မှန်​သော်​လည်း၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင့်​ကို ငါ​ပယ်​ပစ်​မည်။

ဤ​မင်း​သား​ခေါ​နိ​သည် ရို​သေ​ဖွယ်​မ​ဟုတ်၊ ကျိုး​ပဲ့​သော​ရုပ်​တု​ဖြစ်​သ​လော။ အ​ဘယ်​သူ​မျှ မ​နှစ်​သက်​သော​တန်​ဆာ ဖြစ်​သ​လော။ သူ​နှင့်​တ​ကွ သူ၏​သား​မြေး​တို့​ကို နှင်​ထုတ်၍၊ သူ​တို့​မ​သိ​ဖူး​သော​ပြည်၌ အ​ဘယ်​ကြောင့် ချ​ပစ်​ရ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မင်း​ကို သား​မ​ရှိ​သော​သူ​ဟူ၍​လည်း​ကောင်း၊ တစ်​သက်​လုံး မ​ကောင်း​စား​သော​သူ ဟူ၍​လည်း​ကောင်း ရေး​မှတ်​လော့။ သူ၏​သား​မြေး တစ်​စုံ​တစ်​ယောက်​မျှ ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော​အ​ခွင့်​နှင့်၊ ယု​ဒ​ပြည်​ကို စိုး​စံ​ရ​သော​အ​ခွင့်​မ​ရှိ​ရ။

ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဆ​ဋ္ဌ​မ​လ တစ်​ရက်​နေ့​တွင်၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား​ယော​ရှု​ဆီ​သို့ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ၍၊

ထို​အ​ခါ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော ပ​ရော​ဖက်​ဟ​ဂ္ဂဲ စ​ကား​ကို​လည်း​ကောင်း နား​ထောင်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြောက်​ရွံ့​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော သူ​အ​ပေါင်း​တို့​ကို နှိုး​ဆော်​တော်​မူ​သော​အား​ဖြင့်၊

သင်​သည် ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော​သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ရှာ​လ​သေ​လ​သား၊ ငါ့​ကျွန် ဇေ​ရု​ဗ​ဗေ​လ၊ ထို​အ​ခါ သင့်​ကို​ငါ​ယူ၍ တံ​ဆိပ်​လက်​စွပ်​ကဲ့​သို့ ခန့်​ထား​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင့်​ကို ငါ​ရွေး​ချယ်​ပြီ​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဟ​ဂ္ဂဲ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ယော​ရှိ​သား ယော​ယ​ကိမ်။ ယော​ယ​ကိမ်​သည် ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​ခါ​နီး​တွင်​မြင်​သော​သား ယေ​ခေါ​နိ​မှ​စ၍ ညီ​နောင်​တစ်​စု​တည်း။

ဇေ​ရု​ဗ​ဗေ​လ​သား အ​ဗျုဒ်။ အ​ဗျုဒ်​သား ဧ​လျာ​ကိမ်။ ဧ​လျာ​ကိမ်​သား အာ​ဇော်။-

ဤ​သို့​လျှင်၊ မျိုး​စဉ်​နွယ်​ဆက်​ပေါင်း​ကား၊ အာ​ဗြ​ဟံ​မှ​သည် ဒါ​ဝိဒ်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက်၊ ဒါ​ဝိဒ်​မှ​သည် ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​သည်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက်၊ ဗာ​ဗု​လုန်​မြို့​သို့ ပြောင်း​ပြီး​မှ​သည် ခ​ရစ်​တော်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက် ဖြစ်​သ​တည်း။-

ယော​ဟ​န္န​အ​ဘ ရေ​သ၊ ရေ​သ​အ​ဘ ဇေ​ရု​ဗ​ဗေ​လ၊ ဇေ​ရု​ဗ​ဗေ​လ​အ​ဘ ရှာ​လ​သေ​လ၊ ရှာ​လ​သေ​လ​အ​ဘ နေ​ရိ၊ နေ​ရိ​အ​ဘ မေ​လ​ခိ၊ မေ​လ​ခိ​အ​ဘ အ​ဒ္ဒိ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ