Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မိက္ခာ 7:9

Judson Bible

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ အ​မျက်​တော်​ကို ခံ​ရ၏။ ငါ့​အ​မှု​ကို စစ်​ကြော၍ တ​ရား​ဆုံး​ဖြတ်​တော် မ​မူ​မီ​တိုင်​အောင် ငါ​ခံ​ရ၏။ ငါ့​ကို အ​လင်း​ထဲ​သို့​ထုတ်၍ နေ​ရာ​ပေး​တော်​မူ​သော​အား​ဖြင့် ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​တော်​ကို ငါ​မြင်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​ကို ဒဏ်​ခတ်​သော ကောင်း​ကင်​တ​မန်​ကို ဒါ​ဝိဒ်​သည်​မြင်​သော​အ​ခါ၊ အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ ဤ​သိုး​တို့​မူ​ကား အ​ဘယ်​သို့​ပြု​မိ​ပါ​သ​နည်း။ လက်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး၌ ရောက်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လေ၏။

သို့​သော်​လည်း ငါ​သွား​သော​လမ်း​ကို သိ​တော်​မူ၏။ စစ်​တော်​မူ​ခြင်း​ကို ခံ​ပြီး​မှ၊ ရွှေ​ကဲ့​သို့​ငါ​ပေါ်​လိမ့်​မည်။

ဘု​ရား​သ​ခင်​ကို မ​တွေ့​မ​မြင်​ရ​ဟု သင်​ဆို​သော်​လည်း၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော​ကြောင့် မျှော်​လင့်​လျက်​နေ​လော့။

အ​ကျွန်ုပ်​အ​မှု​ကို​စောင့်၍ အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​ပါ။ ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​သက်​ရှင်​စေ​တော်​မူ​ပါ။

သင်၏ ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​ကို အ​လင်း​ကဲ့​သို့​လည်း​ကောင်း၊ တ​ရား​သ​ဖြင့်​ပြု​ခြင်း​အ​ရာ​ကို မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့​လည်း​ကောင်း၊ ဖော်​ပြ​တော်​မူ​မည်။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​မှု၌ တ​ရား​ဆုံး​ဖြတ်​တော်​မူ​ပါ။ က​ရု​ဏာ​မ​ရှိ​သော လူ​မျိုး​တစ်​ဖက်​က​နေ၍ အ​ကျွန်ုပ်​အ​မှု​ကို စောင့်​တော်​မူ​ပါ။ သ​စ္စာ​မ​ရှိ၊ မ​တ​ရား​သော​သူ၏​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​လွှတ်​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ရန်​သူ​တို့ ပြင်း​ထန်​ခြင်း​ကို ဆီး​တား၍ အား​ထုတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​ဖို့ နိုး​တော်​မူ​ပါ။ တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။

တစ်​ဖန် ဖြောင့်​မတ်​ခြင်း​တ​ရား​ဘက်၌ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၍၊ သ​ဘော​ဖြောင့်​သော​သူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​ပါ​လိမ့်​မည်။

မျက်​စိ​ကန်း​သော​သူ​တို့​ကို မိ​မိ​တို့​မ​သိ​သော​လမ်း​ဖြင့် ငါ​ဆောင်​မည်။ မိ​မိ​တို့ မ​ကျွမ်း​သော​ခ​ရီး၌ သွား​စေ​မည်။ သူ​တို့​ရှေ့​မှာ မှောင်​မိုက်​ကို လင်း​စေ​မည်။ ကောက်​သော​လမ်း​ကို​လည်း ဖြောင့်​စေ​မည်။ ထို​သို့​သော​ကျေး​ဇူး​ကို ပြု​မည်။ သူ​တို့​ကို မ​စွန့်​ပစ်။

လက်​ဆွဲ​လျက် ထောက်​မ​မည်။ သင်​သည် ကန်း​သော​မျက်​စိ​တို့​ကို ဖွင့်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ ချုပ်​ထား​သော သူ​တို့​ကို လွှတ်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ မှောင်​မိုက်၌​နေ​သော​သူ​တို့​ကို အ​မိုက်​ထောင်​ထဲ​က နုတ်​ယူ​စိမ့်​သော​ငှာ​လည်း​ကောင်း၊ သင့်​ကို လူ​များ​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စ​ရာ​ဖို့၊ လူ​အ​မျိုး​မျိုး လင်း​စ​ရာ​ဖို့​ခန့်​ထား​မည်။

ငါ၏​ဖြောင့်​မတ်​ခြင်း​တ​ရား​ကို အ​နီး​သို့ ငါ​ဆောင်​ခဲ့​မည်။ အ​ဝေး၌​မ​နေ​ရ။ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​လည်း မ​ဖင့်​နွှဲ​ရ။ ဇိ​အုန်​တောင်​ပေါ်​မှာ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ ငါ့​ဘုန်း​ကို​လည်း​ကောင်း ငါ​ထား​မည်။

သင်၏​အ​ရှင်၊ မိ​မိ​လူ​တို့၏​အ​မှု​ကို စောင့်​တော်​မူ​သော သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကြည့်​ရှု​လော့။ တုန်​လှုပ်​စေ​သော​ဖ​လား၊ ငါ့​အ​မျက်​တော်​ဖ​လား၏ အ​နည်​အ​ဖတ်​ကို သင်၏​လက်​မှ​ငါ​ရုပ်၍၊ သင်​သည် နောက်​တစ်​ဖန် မ​သောက်​ရ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တ​ရား​ကို​စောင့်၍ ဖြောင့်​မတ်​စွာ ကျင့်​ကြ​လော့။ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး ရောက်​ချိန်​နှင့်၊ ငါ၏ ဖြောင့်​မတ်​ခြင်း​တ​ရား ထင်​ရှား​ချိန်​ရောက်​လု​နီး​ပြီ။

ငါ​သည် ချိုး​ဖျက်​ခြင်း​ကို ခံ​ရ​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ငါ့​အ​နာ​ပြင်း​လှ၏။ သို့​သော်​လည်း၊ ငါ​တွေ့​သော ဤ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ဆက်​ဆက်​ခံ​ရ​မည်​ဟု ငါ​ဆို၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​သည် အ​ကျွန်ုပ်​တို့​တစ်​ဖက်၌ သက်​သေ​ခံ​သော်​လည်း၊ နာ​မ​တော်​ကို ထောက်၍ စီ​ရင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကြိမ်​ဖန်​များ​စွာ ဖောက်​ပြန်​ပါ​ပြီ။ ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဖြောင့်​မတ်​ကြောင်း​ကို ဖော်​ပြ​တော်​မူ​ပြီ။ လာ​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို ဇိ​အုန်​မြို့၌ ကြား​ပြော​ကြ​ကုန်​အံ့။

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ၏။ ငါ​သည် ပ​ညတ်​တော်​ကို လွန်​ကျူး​မိ​ပြီ။ လူ​မျိုး​ခပ်​သိမ်း​တို့၊ နား​ထောင်၍ ငါ၏​ဒု​က္ခ​ကို ဆင်​ခြင်​ကြ​ပါ​လော့။ ငါ၏​လူ​ပျို​နှင့် အ​ပျို​တို့​ကို သိမ်း​သွား​ကြ​ပြီ။

ငါ​သည် သူ​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု၍ ရန်​သူ​ပြည်​သို့​ပို့​ဆောင်​သော အ​ကြောင်း​များ​နှင့်​တ​ကွ၊ ကိုယ်​အ​ပြစ်၊ ဘိုး​ဘ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​တောင်း​ပန်​လျှင်​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော မိ​မိ​တို့​နှ​လုံး​ကို​နှိမ့်​ချ၍၊ မိ​မိ​တို့​အ​ပြစ်​ကြောင့်​ခံ​ရ​သော​ဒဏ်​ကို ဝန်​ခံ​လျှင်​လည်း​ကောင်း၊

တစ်​ဖန် သင်​တို့​သည် ပြောင်း​လဲ၍ ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆောင်​သော​သူ၊ မ​ဆောင်​သော​သူ​တို့​ကို ပိုင်း​ခြား၍ သိ​ရ​ကြ​လိမ့်​မည်။

ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။

ယ​ခု​မှ​စ၍ ဓ​မ္မ​သ​ရ​ဖူ​သည် ငါ့​အ​ဖို့ သို​ထား​လျက်​ရှိ၏။ ထို​နေ့​ရက်၌ တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​တည်း​ဟူ​သော သ​ခင်​ဘု​ရား​သည် ထို​သ​ရ​ဖူ​ကို ငါ၌​အပ်​ပေး​တော်​မူ​မည်။ ထို​မျှ​မ​က၊ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို တောင့်​တ​သော​သူ​အ​ပေါင်း​တို့၌​လည်း အပ်​ပေး​တော်​မူ​မည်။

ကောင်း​ကင်​မှ​စ၍ သန့်​ရှင်း​သူ​တ​မန်​တော်၊ ပ​ရော​ဖက်​တို့၊ သူ့​ကို ကြည့်​ရှု၍ ဝမ်း​မြောက်​ကြ​လော့။ ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်၌​နေ၍၊ သူ့​ကို တ​ရား​စီ​ရင်တော်​မူ​ပြီ​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။-

သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​လုပ်​တော်​မူ​ပါ​စေ​သော။ ကျွန်​တော်​နှင့် ကိုယ်​တော်​စပ်​ကြား​မှာ စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကြည့်​ရှု၍ ကျွန်​တော်​အ​မှု​ကို​စောင့်​သ​ဖြင့်၊ ကျွန်​တော်​ကို ကိုယ်​တော်​လက်​မှ ကယ်​လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ရှော​လု​အား လျှောက်​ဆို၏။

နာ​ဗ​လ​သေ​ကြောင်း​ကို ဒါ​ဝိဒ်​ကြား​သော​အ​ခါ၊ ငါ​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​အ​မှု​ကို စောင့်၍ နာ​ဗ​လ​လက်​မှ နုတ်​တော်​မူ၍၊ ကိုယ်​တော်​ကျွန်​ကို ဒု​စ​ရိုက်​နှင့် ကင်း​လွတ်​စေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် နာ​ဗ​လ​ပြု​သော ဒု​စ​ရိုက်​ကို သူ့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​တော်​မူ​ပြီ​ဟု ဆို၏။ တစ်​ဖန် လူ​ကို​စေ​လွှတ်၍ အ​ဘိ​ဂဲ​လ​နှင့် လက်​ထပ်​ခြင်း​ငှာ နှုတ်​ဆက်​လေ၏။

တစ်​ဖန် ဒါ​ဝိဒ်​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ဒဏ်​ခတ်​တော်​မူ​မည်။ သို့​မ​ဟုတ် သူ​သေ​ချိန်​ရောက်​လိမ့်​မည်။ သို့​မ​ဟုတ် စစ်​တိုက်​ရာ၌ အ​သက်​ဆုံး​လိမ့်​မည်။

ရှ​မွေ​လ​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ဝှက်​မ​ထား အ​လုံး​စုံ​တို့​ကို ပြန်​ကြား၏။ ဧ​လိ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​လျှင် အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော​ဟု ဝန်​ခံ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ