မိက္ခာ 7:2Judson Bibleကောင်းသောပြည်သားအပေါင်းတို့သည် ကွယ်ပျောက်ကြပြီ။ ဖြောင့်မတ်သောသူ တစ်ယောက်မျှမရှိ။ ခပ်သိမ်းသောသူတို့သည် လူအသက်ကို သတ်ခြင်းငှာ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကျော့ကွင်းနှင့် ဖမ်းတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အို ယဇ်ပုရောဟိတ်တို့၊ ကြားကြလော့။ အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အို နန်းတော်သားတို့၊ မှတ်မိကြလော့။ သင်တို့သည် စစ်ကြောစီရင်ခြင်းကို ခံရကြမည်။ အကြောင်းမူကား၊ သင်တို့သည် မိဇပါတောင်ပေါ်မှာ ကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာ ထောင်သောပိုက်ဖြစ်ကြပြီ။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တစ်ဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့လည်းကောင်း၊ ရှင်ဘုရင်လက်သို့လည်းကောင်း အပ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးကို နှိပ်စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲနေမည်ဟု မိန့်တော်မူ၏။
ထိုမှတစ်ပါး ကျွန်တော်အဘ ကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာ ပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ် မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှာ လိုက်၍ ရှာတော်မူပါသည်တကား။