Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မိက္ခာ 6:5

Judson Bible

အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို အောက်​မေ့​ဖို့​ရာ စီ​ရင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တတ်​သော သ​ဘော၊ သ​နား​စုံ​မက်​တတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ ဖြောင့်​မတ်​တော်​မူ​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က နုတ်​ယူ​တော်​မူ​ပါ။

ကိုယ်​တော်​ကို သိ​သော​သူ​တို့​အား၊ က​ရု​ဏာ​တော်​ကို​လည်း​ကောင်း၊ သ​ဘော​ဖြောင့်​သော​သူ​တို့​အား ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​ကို​လည်း​ကောင်း တည်​မြဲ​တည်​စေ​တော်​မူ​ပါ။

အို​ဘု​ရား​သ​ခင်၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် အ​လွန်​မြင့်​ရာ​သို့ မီ​သည်​ဖြစ်၍၊ ကိုယ်​တော်​သည် ကြီး​စွာ​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း။

ဇိ​အုန်​မြို့​သည် တ​ရား​အား​ဖြင့်​လည်း​ကောင်း၊ မြို့​သူ​မြို့​သား​တို့​သည် ဖြောင့်​မတ်​သော​အား​ဖြင့်​လည်း​ကောင်း၊ ရွေး​နုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

နက်​ဖြန်​နေ့၌ ဗာ​လက်​မင်း​သည် ဗာ​လမ်​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို အ​ကုန်​အ​စင်​ပြ​ခြင်း​ငှာ ဗာ​လ​ဘု​ရား​နှင့်​ဆိုင်​သော ကုန်း​ရိုး​ပေါ်​သို့ ပို့​ဆောင်​လေ၏။

တစ်​ဖန် ဗာ​လက်​မင်း​က၊ လာ​ပါ​တော့။ အ​ခြား​သော​အ​ရပ်​သို့ ဆောင်​သွား​ပါ​မည်။ ထို​အ​ရပ်၌ သူ​တို့​ကို​ငါ့​အ​ဖို့ ကျိန်​ဆဲ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ကောင်း​ရှိ​တော်​မူ​လိမ့်​မည်​ဟု ဗာ​လမ်​အား​ဆို​လျက်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​တ္တိမ်​အ​ရပ်၌ နေ​သော​အ​ခါ၊ အ​ချို့​တို့​သည် မော​ဘ​မိန်း​မ​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ၏။

ထို​မိန်း​မ​တို့​သည် မိ​မိ​တို့​ဘု​ရား​ရှေ့​မှာ ယဇ်​ပူ​ဇော်​ရာ​ပွဲ​သို့ ဣ​သ​ရေ​လ​လူ​တို့​ကို ခေါ်​သွား​သ​ဖြင့်၊ ယောက်ျား​တို့​သည် ယဇ်​သား​ကို​စား၍ ထို​ဘု​ရား​ရှေ့​မှာ ဦး​ချ​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပေ​ဂု​ရ​ဘု​ရား​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​စေ​ခြင်း​ငှာ၊ ဤ​မိန်း​မ​တို့​သည် ဗာ​လမ်​ပေး​သော အ​ကြံ​ကို​လိုက်၍ ပြု​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်၌ ဘေး​ရောက်​လေ​သည်​တ​ကား။

အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​သူ​တို့​တွင် ဧ​ဝိ၊ ရေ​ကင်၊ ဇု​ရ၊ ဟု​ရ၊ ရေ​ဘ​တည်း​ဟူ​သော မိ​ဒျန်​မင်း​ကြီး​ငါး​ပါး​ပါ​ကြ၏။ ဗော​ရ​သား​ဗာ​လမ်​ကို​လည်း ဓား​နှင့်​သတ်​ကြ၏။

ထို​သို့​မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား​မှာ ဗက်​ယေ​ရှိ​မုတ်​မြို့​မှ အာ​ဗေ​လ​ရှိ​တ္တိမ်​မြို့​တိုင်​အောင် စ​ခန်း​ချ​ကြ၏။

ထို​ကြောင့်၊ လက်​ဖြင့် ကိုယ်​ကာ​ယ၌​ပြု​သော ဝေါ​ဟာ​ရ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့ ခေါ်​ဝေါ် သော​အား​ဖြင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သော သာ​သ​နာ​ပ​လူ​တို့​အ​ထဲ၌ သင်​တို့​သည် အ​ထက်​က ပ​က​တိ​အ​တိုင်း ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊-

သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော​နေ့​ရက်​ကို တစ်​သက်​လုံး​အောက်​မေ့​ဖို့​ရာ ပ​သ​ခါ​ပွဲ​ခံ​စဉ်၊ တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ​ဘဲ၊ တ​ဆေး​မ​ပါ​သော မုန့်​တည်း​ဟူ​သော ဒု​က္ခ​မုန့်​ကို ခု​နစ်​ရက်​ပတ်​လုံး​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ အ​လျင်​တ​ဆော ထွက်​လာ​သ​တည်း။

သင်​သည် သူ​တို့​ချမ်း​သာ၊ သူ​တို့​စည်း​စိမ်​ကို တစ်​သက်​လုံး​အ​စဉ် မ​ပြု​စု​ရ။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ အောက်​မေ့​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို ယ​နေ့​ကဲ့​သို့ တည်​စေ​လို​သော​ငှာ၊ စည်း​စိမ်​ရ​တတ်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ချင်​သော​စိတ်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မည်​အ​ကြောင်း၊ လွန်​ခဲ့​ပြီး​သော အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​တော်​မူ​သော လမ်း​ခ​ရီး​တစ်​လျှောက်​လုံး​ကို အောက်​မေ့​ရ​မည်။

သင်​သည်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ၊ တော၌​ပြု​မိ​သည်​ကို​မ​မေ့​နှင့်၊ အောက်​မေ့​လော့။ သင်​သည် အဲ​ဂု​တ္တု​ပြည်​ထဲ​က ထွက်​သော​နေ့​မှ​စ၍ ဤ​အ​ရပ်​သို့​ရောက်​သည်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ပြီ။

နုန်၏​သား​ယော​ရှု​သည် သူ​လျှို​နှစ်​ယောက်​ကို ရှိ​တ္တိမ်​မြို့​မှ တိတ်​ဆိတ်​စွာ​စေ​လွှတ်​လျက်၊ ခါ​နာန်​ပြည် ယေ​ရိ​ခေါ​မြို့​ကို​သွား၍ ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​လိုက်​သည်​အ​တိုင်း၊ သူ​တို့​သည်​သွား​ပြီး​လျှင် ရာ​ခပ်​အ​မည်​ရှိ​သော ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့ ဝင်၍​နေ​လေ၏။

ယော​ရှု​သည် နံ​နက်​စော​စော​ထ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ရှိ​တ္တိမ်​မြို့​မှ​ပြောင်း၍ ယော်​ဒန်​မြစ်​ကို​မ​ကူး​မီ မြစ်​နား​တွင် စ​ခန်း​ချ​ကြ၏။

ပ​ထ​မ​လ၊ ဒ​သ​မ​နေ့​ရက်​တွင်၊ လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ထဲ​က တက်​လာ၍၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​ဘက်​နား​မှာ၊ ဂိ​လ​ဂါ​လ​အ​ရပ်၌ တပ်​ချ​ကြ၏။

ဖြောင့်​မတ်​သော​လမ်း​ထဲ​က​ထွက်၍ လွှဲ​သွား​သ​ဖြင့်၊ ဗော​သော်၏​သား​ဗာ​လမ်၏​လမ်း​ကို လိုက်​ကြ၏။-

ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​နောက်​သို့ လိုက်​ကြ၏။ အ​ခ​ကို​ရ​ခြင်း​ငှာ ဗာ​လမ်​မှား​ယွင်း​သ​ကဲ့​သို့ အ​လွန်​မှား​ယွင်း​ခြင်း ရှိ​ကြ၏။ ကော​ရ၏​ငြင်း​ခုံ​ခြင်း​အ​ပြစ်​နှင့် ဖျက်​ဆီး​ခြင်း​သို့ ရောက်​ကြ၏။-

သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ရာ​ကို သူ​တို့​ရှေ့၌ ချ​ထား​မည်​အ​ကြောင်း၊ ဗာ​လက်​မင်း​ကို အ​ကြံ​ပေး​သော​သူ​တည်း​ဟူ​သော ဗာ​လမ်၏​အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် သင်၏​နေ​ရာ၌​ရှိ​ကြ​သည်​ဖြစ်၍၊ သင်၌ အ​နည်း​ငယ်​သော​အ​ပြစ်​တင်​စ​ရာ ရှိ၏။-

သင်​သည် မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်​မင်း၏​သား ဗာ​လက်​ထက်​သာ၍ မြတ်​သ​လော။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ရန်​တွေ့​ဖူး​သ​လော။ စစ်​တိုက်​ဖူး​သ​လော။

ရေ​ကျင်း​များ​အ​နား​မှာ လက်​ရ​ဥ​စ္စာ​ကို ဝေ​မျှ​သော​သူ​တို့၏​အ​သံ​ကို ကြား​သော​အ​ခါ သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​သော​အ​မှု၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​အ​မှု​တို့​ကို ထို​အ​ရပ်​တို့​တွင် ချီး​မွမ်း​ကြ​လိမ့်​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​သည် မိ​မိ​တို့​နေ​သော​မြို့​သို့ ပြန်​သွား​ကြ​လိမ့်​မည်။

ယ​ခု​တွင် တိတ်​ဆိတ်​စွာ​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့် သင်​တို့​ဘိုး​ဘေး​များ၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သင်​တို့​အား ငါ​ဆွေး​နွေး​ဟော​ပြော​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ