ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။
တန်ခိုးကြီးသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ၏။ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် မြေကြီးကို ခေါ်တော်မူ၏။
မိမိလူတို့ကို စစ်ကြောစီရင်ခြင်းအလိုငှာ အထက်ကောင်းကင်ကိုလည်းကောင်း၊ မြေကြီးကိုလည်းကောင်း ခေါ်တော်မူလျက်၊
ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြပြီ။
ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သောငှာ ထတော်မူ၏။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ၏။
သင်တို့သည် နားထောင်နာယူကြလော့။ ထောင်လွှားသောစိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော်ရှိ၏။
အို မြေကြီး၊ မြေကြီး၊ မြေကြီး၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။
တစ်ဖန် အချင်းလူသား၊ ဣသရေလတောင်တို့အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အို ဣသရေလတောင်တို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
အို ဣသရေလတောင်တို့၊ သင်တို့မူကား၊ အပင်ပေါက်၍ ငါ၏လူဣသရေလအမျိုးသားတို့အဖို့ အသီးကို သီးရကြလိမ့်မည်။ သူတို့ ပြန်လာချိန်နီးပြီ။
ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အို သွေ့ခြောက်သော အရိုးတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။
အို ဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရ ဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်၊ ချိုင့်တို့အား မိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်သင်တို့အပေါ်သို့ ဓားကိုရောက်စေ၍၊ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည်။
အို ဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။
အို လူများအပေါင်းတို့၊ ကြားကြလော့။ အို ပြည်နှင့် ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ အရှင်ထာဝရဘုရားတည်းဟူသော သန့်ရှင်းသောဗိမာန်တော်ထဲက ဘုရားရှင်သည် သင်တို့တစ်ဖက်၌ သက်သေခံတော်မူမည်။
မီးရှေ့မှာ ဖယောင်းကဲ့သို့လည်းကောင်း၊ ချောက်ကြီးမှ ဆင်းသောရေကဲ့သို့လည်းကောင်း ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။
ငါ့စကားကို နားမထောင်သော တစ်ပါးအမျိုးသားတို့ကို ပြင်းစွာအမျက်ထွက်၍ အပြစ်ဒဏ်ကို ငါစီရင်မည်။
အို တောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေလအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။
ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
အို ကောင်းကင်၊ နားထောင်လော့၊ ငါပြောမည်။ အိုမြေကြီး၊ ငါမြွက်ဆိုသောစကားကို ကြားလော့။
ကောင်းကင်မြေကြီးကို သင်တို့တစ်ဖက်၌ ယနေ့ငါတိုင်တည်သည်ကား၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားသောပြည်၌၊ မကြာမမြင့်မီ ဆက်ဆက် ပျောက်ပျက်ရကြလိမ့်မည်။ ထိုပြည်၌ တာရှည်စွာ အသက်မရှင်ရ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။
ယခုတွင် တိတ်ဆိတ်စွာနေကြလော့။ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ဘိုးဘေးများ၌ တရားသဖြင့် ပြုတော်မူသောအမှုတို့ကို ထာဝရဘုရားရှေ့တော်မှာ သင်တို့အား ငါဆွေးနွေးဟောပြောမည်။
ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါမည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။