Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မိက္ခာ 5:13

Judson Bible

ထု​လုပ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို သင့်​အ​လယ်​က ငါ​ပယ်​ရှင်း၍၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​ကို နောက်​တစ်​ဖန် သင်​မ​ကိုး​ကွယ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရုပ်​တု​ဆင်း​တု​တို့​သည် ရှင်း​ရှင်း​ကွယ်​ပျောက်​ကြ​လိမ့်​မည်။

သူ​တို့​ပြည်​သည် ရုပ်​တု​ဆင်း​တု​နှင့် ကြွယ်​ဝ၍၊ မိ​မိ​လက်​နှင့်​လုပ်​သော​အ​ရာ၊ မိ​မိ​လက်​ချောင်း​တို့​နှင့် ဖန်​ဆင်း​သော​အ​ရာ​ကို​ပင် သူ​တို့​သည် ဦး​ချ​ကြ​သည်​တ​ကား။

ထို​သို့ ယာ​ကုပ်​အ​မျိုး​သည် ယဇ်​ပ​လ္လင်​ကျောက်​တို့​ကို ထုံး​ကျောက်​ကဲ့​သို့ ချိုး​ဖဲ့၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို လှဲ​သော​အ​ခါ၊ မိ​မိ​အ​ပြစ်​ပြေ၍၊ အ​ပြစ်​ပြေ​ရှင်း​ခြင်း အ​ကျိုး​ကျေး​ဇူး​ရှိ​သ​မျှ​ကို ခံ​ရ​လိမ့်​မည်။

သင့်​အိမ်​တို့​ကို​လည်း မီး​ရှို့၍ များ​စွာ​သော မိန်း​မ​တို့​ရှေ့​မှာ သင့်​ကို အ​ပြစ်​ဒဏ်​ပေး​ကြ​သ​ဖြင့်၊ သင်​သည် နောက်​တစ်​ဖန် ပြည့်​တန်​ဆာ​မ​လုပ်​ဘဲ နေ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ နောက်​တစ်​ဖန် သင်​သည် သူ​တစ်​ပါး​တို့​ကို မ​ငှား​ရ။

သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။

နောက်​တစ်​ဖန် သူ​တို့​ရုပ်​တု​များ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ၊ လွန်​ကျူး​ခြင်း​အ​မှု​များ​နှင့် ကိုယ်​ကို မ​ညစ်​ညူး​စေ​ရ​ကြ။ သူ​တို့​ပြစ်​မှား​လေ​ရာ​ရာ အ​ရပ်​တို့​မှ ငါ​ကယ်​နုတ်၍ သန့်​ရှင်း​စေ​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။

ငါ့​ကို​စွန့်​ပစ်၍ မှား​ယွင်း​တတ်​သော နှ​လုံး​ကို​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​နှင့် မှား​ယွင်း​လို​သ​ဖြင့် လိုက်၍​ကြည့်​သော မျက်​စိ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ဖျက်​သော​အ​ခါ၊ လွတ်​သော​သူ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ အ​ပြည်​ပြည်​တို့၌ ငါ့​ကို​အောက်​မေ့​ကြ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။

သူ​တို့၌ စိတ်​နှစ်​ခွ​ရှိ၏။ ချက်​ချင်း အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​မည်။ သူ​တို့​ယဇ်​ပ​လ္လင်​တို့​ကို ကိုယ်​တော်​တိုင်​ဖြို​ချ၍၊ ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း ဖျက်​ဆီး​တော်​မူ​မည်။

အာ​ရှု​ရိ​မင်း​သည် အ​ကျွန်ုပ်​တို့​ကို မ​ကယ်​တင်​ရ။ အ​ကျွန်ုပ်​တို့​သည် မြင်း​စီး​သူ​ရဲ​မ​လုပ်​ပါ။ ကိုယ်​လက်​ဖြင့် လုပ်​သော​အ​ရာ​တို့​အား၊ ကိုယ်​တော်​တို့​သည် အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​ပါ၏​ဟု နောက်​တစ်​ဖန်​မ​ဆို​ပါ။ အ​ကြောင်း​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ၌ က​ရု​ဏာ​ကျေး​ဇူး​ကို ခံ​တတ်​ကြ​ပါ၏​ဟု လျှောက်​ကြ​လော့။

ငါ​သည် နောက်​တစ်​ဖန် ရုပ်​တု​ဆင်း​တု​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​ရ​သ​နည်း​ဟု ဧ​ဖ​ရိမ်​သည် ပြော​လိမ့်​မည်။ သူ၏​စ​ကား​ကို​လည်း ငါ​နား​ထောင်၍ သူ့​ကို ကြည့်​ရှု​မည်။ စိမ်း​သော​ထင်း​ရှူး​ပင်​ကဲ့​သို့ ဖြစ်၍၊ သင်​သည် ငါ့​ကျေး​ဇူး​ကြောင့် အ​သီး​နှင့် ပြည့်​စုံ​လိမ့်​မည်။

သင်၏​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သည်​ကား၊ သင်၏​အ​မျိုး မ​ဆက်​မ​နွယ်​ရ။ ထု​သော​ရုပ်​တု​နှင့် သွန်း​သော ရုပ်​တု​တို့​ကို သင်၏​ဘု​ရား​ကျောင်း​မှ ငါ​ပယ်​ရှင်း​မည်။ သင်​သည် ယုတ်​မာ​သော​ကြောင့် သင်၏​သင်္ချိုင်း​ကို ငါ​လုပ်​မည်။

ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​ကို ငါ​တိုက်၍၊ ဤ​အ​ရပ်၌ ကျန်​ကြွင်း​သော ဗာ​လ​ဘု​ရား၏​တ​ပည့်​တို့​နှင့် ယဇ်​ပု​ရော​ဟိတ် အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပြည်​တော်​တွင် ရှိ​သော ရုပ်​တု​တို့၏​နာ​မ​များ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မှတ်​မိ​စေ​ခြင်း​ငှာ၊ ထို​ကာ​လ၌ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​ကို​လည်း​ကောင်း၊ ညစ်​ညူး​သော ဝိ​ညာဉ်​ကို​လည်း​ကောင်း ပြည်​တော်​မှ နှင်​ထုတ်​မည်။

ထို​ဘေး​ဒဏ်​ကြောင့် မ​သေ​ဘဲ ကြွင်း​သော​လူ​တို့​သည် နတ်​တို့​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ မ​သွား​လာ​နိုင်​သော ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကြေး​နီ​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ သစ်​သား​ရုပ်​တု​တို့​ကို​လည်း​ကောင်း မ​ကိုး​ကွယ်​ဘဲ နေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့် လုပ်​သော အ​ရာ​များ​ကို နောင်​တ​မ​ရ​ဘဲ​နေ​ကြ၏။-

လဲ​ရှ​မြို့​ကို စူး​စမ်း​သော လူ​ငါး​ယောက်​တို့​သည် မိ​က္ခာ​အိမ်​သို့​ဝင်၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ