Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မိက္ခာ 5:11

Judson Bible

သင်၏​ပြည်၌ မြို့​ရိုး​တို့​ကို ငါ​ပယ်​ရှင်း၍၊ သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​ကို ဖြို​ဖျက်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ​၏။ သင်​တို့ မြို့​များ​ကို မီး​လောင်​ပြီ။ သင်​တို့​မြေ​ကို​လည်း တ​စ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သင်​တို့​မျက်​မှောက်​၌​စား​ကြ​၏။ ရန်​သူ​ဖျက်​ပြီး​သ​ကဲ့​သို့၊ လူ​ဆိတ်​ညံ​လျက်​ရှိ​၏။

အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ယာ​ကုပ်​အ​မျိုး​သား​တည်း​ဟူ​သော ကိုယ်​တော်၏​လူ​တို့​ကို စွန့်​ပစ်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​ရှေ့​ပြည်​အ​တတ်​နှင့် ကြွယ်​ဝ၍၊ ဖိ​လိ​တ္တိ​လူ​တို့​ကဲ့​သို့ အ​နာ​ဂ​တ္တိ​ဆ​ရာ​ဖြစ်​ကြ၏။ တစ်​ပါး​အ​မျိုး​သား​နှင့် အ​ပေါင်း​အ​ဖော် ပြု​ကြ၏။

ထို​သို့ ယာ​ကုပ်​အ​မျိုး​သည် ယဇ်​ပ​လ္လင်​ကျောက်​တို့​ကို ထုံး​ကျောက်​ကဲ့​သို့ ချိုး​ဖဲ့၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို လှဲ​သော​အ​ခါ၊ မိ​မိ​အ​ပြစ်​ပြေ၍၊ အ​ပြစ်​ပြေ​ရှင်း​ခြင်း အ​ကျိုး​ကျေး​ဇူး​ရှိ​သ​မျှ​ကို ခံ​ရ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကြာ​ပါ​လိမ့်​မည်​နည်း​ဟု ငါ​မေး​လျှောက်​ပြန်​လျှင်၊ မြို့​တို့​သည် မြို့​သား​မ​ရှိ၊ အိမ်​တို့​သည် အိမ်​သား​မ​ရှိ​အောင် ဖျက်​ဆီး​ခြင်း​သို့​ရောက်​သ​ဖြင့်၊ တစ်​ပြည်​လုံး​သည် လူ​ဆိတ်​ညံ​ရာ​သက်​သက် ဖြစ်​သည်​တိုင်​အောင်​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ခြင်း​မ​ရှိ​ဘဲ၊ ယာ​ကုပ်​အ​မျိုး၏​နေ​ရာ​အ​ရပ်​ရှိ​သ​မျှ​တို့​ကို မျို​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​သ​ဖြင့် ယု​ဒ​သ​တို့​သ​မီး၏​ရဲ​တိုက်​တို့​ကို မြေ​တိုင်​အောင် ဖြို​ဖျက်၍၊ နိုင်​ငံ​တော်​နှင့် မင်း​သား​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီ။

ရွာ​ဇ​န​ပုဒ်​များ​သော​ပြည်၊ မြို့​ရိုး​မ​ရှိ၊ တံ​ခါး​ကျင်​နှင့် တံ​ခါး​မ​ရှိ၊ စိုး​ရိမ်​စ​ရာ​အ​ကြောင်း​အ​လျှင်း​မ​ရှိ၊ ငြိမ်​ဝပ်​သော​ပြည်​သား​တို့​ရှိ​ရာ​သို့ ငါ​ချီ​သွား၍၊

ထို​ကြောင့်၊ သင်၏​လူ​တို့​သည် ရုန်း​ရင်း​ခတ်​ကြ​လိမ့်​မည်။ ရှာ​လ​မန်​မင်း​သည် ဗေ​သာ​ဗေ​လ​မြို့​ကို စစ်​တိုက်​သော​အ​ခါ ဖျက်​ဆီး​သ​ကဲ့​သို့၊ သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​သည် ပျက်​စီး​ရ​ကြ​လိမ့်​မည်။ အ​မိ​သည် သား​တို့​နှင့်​အ​တူ မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ခွန်​အား​ကြီး​သော သူ​တို့​ကို​လည်း​ကောင်း၊ ရဲ​တိုက်​တို့​ကို​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ​သော ဘု​ရား​ကို ရှာ​ကြ​လော့။

ကောင်း​ကင်​တ​မန်​က​လည်း၊ ဇေ​ရု​ဗ​ဗေ​လ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ ဤ​အ​မှု​သည် ဗိုလ်​ခြေ​အား​ဖြင့် မ​ဟုတ်၊ အာ​ဏာ​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ငါ့​ဝိ​ညာဉ်​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ