Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မိက္ခာ 5:10

Judson Bible

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ သင်၏​မြင်း​တို့​ကို သင့်​အ​လယ်​က ငါ​ပယ်​ရှင်း၍၊ သင်၏ ရ​ထား​တို့​ကို​လည်း ဖျက်​ဆီး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ပြည်​သည် ရွှေ​ငွေ​နှင့်​ကြွယ်​ဝ၍၊ ဥ​စ္စာ​ပ​စ္စည်း အ​တိုင်း​မ​သိ​များ၏။ သူ​တို့​ပြည်​သည် မြင်း​နှင့် ကြွယ်​ဝ၍၊ မြင်း​ရ​ထား အ​တိုင်း​မ​သိ​များ၏။

အ​ကယ်​စင်​စစ် ကုန်း​များ​နှင့် တောင်​ရိုး​များ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​၏ ဘုရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ရာ​အ​ကြောင်း​ဖြစ်​တော်​မူ​၏။

ယု​ဒ​အ​မျိုး​ကို​ကား သ​နား​စုံ​မက်​ဦး​မည်။ သို့​ရာ​တွင် လေး၊ ဓား၊ စစ်​တိုက်​လက်​နက်၊ မြင်း၊ မြင်း​စီး​သူ​ရဲ​အား​ဖြင့် မ​ကယ်​တင်၊ သူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ကယ်​တင်​မည်​ဟု မိန့်​တော်​မူ၏။

အာ​ရှု​ရိ​မင်း​သည် အ​ကျွန်ုပ်​တို့​ကို မ​ကယ်​တင်​ရ။ အ​ကျွန်ုပ်​တို့​သည် မြင်း​စီး​သူ​ရဲ​မ​လုပ်​ပါ။ ကိုယ်​လက်​ဖြင့် လုပ်​သော​အ​ရာ​တို့​အား၊ ကိုယ်​တော်​တို့​သည် အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​ပါ၏​ဟု နောက်​တစ်​ဖန်​မ​ဆို​ပါ။ အ​ကြောင်း​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ၌ က​ရု​ဏာ​ကျေး​ဇူး​ကို ခံ​တတ်​ကြ​ပါ၏​ဟု လျှောက်​ကြ​လော့။

တိုင်း​နိုင်​ငံ​တို့၏ ရာ​ဇ​ပ​လ္လင်​များ​ကို​မှောက်​လှန်၍၊ အ​မျိုး​မျိုး​သော တိုင်း​နိုင်​ငံ​တန်​ခိုး​ကို ဖျက်​ဆီး​မည်။ ရ​ထား​နှင့် ရ​ထား​စီး​သူ​ရဲ​တို့​ကို​လည်း မှောက်​လှန်​မည်။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​တို့​သည် တစ်​ယောက်​ကို တစ်​ယောက်​ခုတ်၍ လဲ​ကြ​လိမ့်​မည်။

ငါ​သည် ဧ​ဖ​ရိမ်​ပြည်၌ ရ​ထား​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌ မြင်း​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ စစ်​လေး​ကို​လည်း ပယ်​ဖြတ်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် စစ်​ငြိမ်း​မည် အ​ကြောင်း​ကို ထို​အ​ရှင်​သည် မိန့်​တော်​မူ​မည်။ အာ​ဏာ​တော်​လည်း ပင်​လယ်​တစ်​ပါး​မှ​သည် ပင်​လယ်​တစ်​ပါး တိုင်​အောင်​လည်း​ကောင်း၊ မြစ်​မှ​သည် မြေ​ကြီး​စွန်း​တိုင်​အောင်​လည်း​ကောင်း တည်​လိမ့်​မည်။

ထို​ရှင်​ဘု​ရင်​သည် ကိုယ်​အ​ဖို့ များ​စွာ​သော မြင်း​တို့​ကို မ​မွေး​ရ။ မြင်း​များ​ပြား​စေ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ လူ​ကို​မ​ပြန်​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​လမ်း​သို့​မ​ပြန်​မ​သွား​ရ​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ