Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မိက္ခာ 4:9

Judson Bible

ယ​ခု​မှာ သင်​သည် အ​ဘယ်​ကြောင့် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​သ​နည်း။ သင်၌ ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​ရှိ​သ​လော။ အ​ကြံ​ပေး​သော​မှူး​မတ် ပျောက်​ပျက်​သ​လော။ သား​ဖွား​သော​မိန်း​မ​ကဲ့​သို့ သင်​သည် ဝေ​ဒ​နာ​ကို ခံ​ရ​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

နာ​ခြင်း​ဝေ​ဒ​နာ​အ​မျိုး​မျိုး​ကို ခံ​ရ​ကြ​လိမ့်​မည်။ သား​ဖွား​သော​မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ​ရ​လျက်၊ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု၍ မှိုင်​တွေ​သ​ဖြင့်၊ သူ​တို့​မျက်​နှာ​သည် မီး​လျှံ​အ​ဆင်း​ရှိ​လိမ့်​မည်။

ထို​ကြောင့်၊ ငါ​သည် ခါး​နာ​လှ၏။ သား​ဖွား​သော မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ​ရ၏။ နား​မ​ကြား​နိုင်​အောင် ပြင်း​ထန်​စွာ​ခံ​ရ၏။ မျက်​စိ​မ​မြင်​နိုင်​အောင် မှိုင်​တွေ​လျက်​ရှိ၏။

ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​သည် သား​ဖွား​ချိန်​နီး​သော​အ​ခါ နာ​ကျင်၍၊ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကြောင့် အော်​ဟစ်​သ​ကဲ့​သို့၊ ထို​အ​တူ၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ရှေ့​တော်၌ ဖြစ်​ကြ​ပါ​ပြီ။

အာ​ရဇ်​ပင်​တို့၌ အ​သိုက်​လုပ်​တတ်​သော လေ​ဗ​နုန်​တောင်​သား၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မိန်း​မ​ခံ​ရ​သ​ကဲ့​သို့၊ သင်​သည် နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​ရ​သော​အ​ခါ၊ အ​ဘယ်​မျှ​လောက် သ​နား​ဖွယ်​ဖြစ်​လိမ့်​မည်​တ​ကား။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ငါ့​ကျွန်​ယာ​ကုပ်၊ မ​ကြောက်​နှင့်။ အို ဣ​သ​ရေ​လ​အ​မျိုး၊ စိတ်​မ​ပျက်​နှင့်။ သင့်​ကို ဝေး​သော​အ​ရပ်​မှ​လည်း​ကောင်း၊ သင်၏​အ​မျိုး​သား​တို့​ကို သိမ်း​သွား​ရာ ပြည်​မှ​လည်း​ကောင်း၊ ငါ​နုတ်​ယူ​ဆောင်​ခဲ့​သ​ဖြင့်၊ ယာ​ကုပ်​အ​မျိုး​သည် ပြန်​လာ၍၊ ခြောက်​လှန့်​သော​သူ​မ​ရှိ၊ ငြိမ်​ဝပ်​ချမ်း​သာ​စွာ နေ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​လံ​ကို​မြင်​ရ​အံ့​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တံ​ပိုး​သံ​ကို ကြား​ရ​အံ့​နည်း။

အ​ကယ်​စင်​စစ် သား​ဖွား​သော​မိန်း​မ​ညည်း​သံ၊ သား​ဦး​ဖွား​သော မိန်း​မ၏​ဝေ​ဒ​နာ​ခံ​ရာ​အ​သံ​ကဲ့​သို့၊ ဇိ​အုန်​သ​တို့​သ​မီး အော်​ဟစ်​သံ​ကို ငါ​ကြား​ရ၏။ ထို​သ​တို့​သ​မီး​က၊ အ​ကျွန်ုပ်​သည် အ​မင်္ဂ​လာ​ရှိ​ပါ၏။ လူ​သတ်​များ​ကြောင့်၊ အ​ကျွန်ုပ်​စိတ်​ပျက်​ပါ၏​ဟု မိ​မိ​လက်​ဝါး​ကို​ဖြန့်၍ ငို​ကြွေး​လျက်​နေ၏။

မြို့ တို့​ကို​လုပ်​ကြံ၍ ရဲ​တိုက်​တို့​ကို တိုက်​ယူ​သော​ကြောင့်၊ ထို​နေ့၌ မော​ဘ​အ​မျိုး​သူ​ရဲ​တို့ စိတ်​နှ​လုံး​သည်၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ၏​စိတ်​နှ​လုံး​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။

သူ​တို့၏​သ​တင်း​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည်​ကြား၍ လက်​အား​လျော့၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ ခံ​ရ​သ​ကဲ့​သို့ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း​ခံ​ရ၏။

ငါ၏​လူ​မျိုး သ​တို့​သ​မီး​အော်​ဟစ်​သံ​ကို ဝေး​သော​ပြည်​က ကြား​ရ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့၌ ရှိ​တော်​မ​မူ​သ​လော။ မိ​မိ​ရှင်​ဘု​ရင်​သည် မြို့​ထဲ၌ ရှိ​တော်​မ​မူ​သ​လော။ တစ်​ကျွန်း​တစ်​နိုင်​ငံ​နှ​င့်​ဆိုင်​သော အ​ချည်း​နှီး​အ​ရာ၊ ရုပ်​တု​ဆင်း​တု​အား​ဖြ​င့် သူ​တို့​သည် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ အ​ဘယ်​ကြော​င့် ပြု​ကြ​သ​နည်း။

ငါ​တို့ ထွက်​သက်​ဝင်​သက်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​အ​ရှင်​ကို သူ​တို့​သည် မြေ​တွင်း၌ ဖမ်း​မိ​ကြ​ပြီ။ ထို​အ​ရှင်၏ ဘုန်း​တော်​ကို​ခို​လှုံ၍၊ ငါ​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု အ​ထက်​က​ဆို​တတ်​ကြ၏။

ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကြောက်​ရွံ့​သော​ကြောင့် ရှင်​ဘု​ရင်​မ​ရှိ။ ရှင်​ဘု​ရင်​ရှိ​သော်​လည်း၊ ငါ​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​မည်​နည်း​ဟု ချက်​ချင်း​ဆို​ရ​ကြ​မည်။

သူ​သည် သား​ဖွား​သော မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို ခံ​ရ​ချိန်​နီး​ပြီ။ မိုက်​သော​အ​မျိုး​သား​ဖြစ်၏။ သား​ဖွား​ရာ​ဝမ်း​ဝ၌ ကြာ​မြင့်​စွာ နေ​ပါ​သည်​တ​ကား။

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ့​ရက်​များ​စွာ ရှင်​ဘု​ရင်​မ​ရှိ၊ မင်း​သား​မ​ရှိ၊ ယဇ်​ပူ​ဇော်​ခြင်း​မ​ရှိ၊ ဆင်း​တု​မ​ရှိ၊ သင်​တိုင်း​မ​ရှိ၊ တေ​ရပ်​ရုပ်​တု​မ​ရှိ​ဘဲ နေ​ရ​ကြ​လိမ့်​မည်။

သို့​ဖြစ်၍၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ​သည် မ​ဖွား​မီ​တိုင်​အောင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ ကျန်​ကြွင်း​သော ညီ​အစ်​ကို​တို့​သည် မ​ပြောင်း​လဲ​မီ တိုင်​အောင်​လည်း​ကောင်း၊ သူ​တို့​ကို စွန့်​ပစ်​တော်​မူ​လိမ့်​မည်။

မိန်း​မ​သည်​သား​ကို ဖွား​စဉ်​အ​ခါ ဖွား​ရ​သော​အ​ချိန်​စေ့​သော​ကြောင့် ဝမ်း​နည်း​ခြင်း​ရှိ၏။ ဖွား​မြင်​ပြီး​မှ ဤ​လော​က၌ လူ​တစ်​ယောက်​ကို​ဖွား​မြင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၍၊ အ​ထက်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို မေ့​လျော့​တတ်၏။-

ထို​မိန်း​မ​သည် ကိုယ်​ဝန်​ဆောင်၍ ဖွား​အံ့​သော ဝေ​ဒ​နာ ပြင်း​သော​ကြောင့် အော်​ဟစ်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ