Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မိက္ခာ 3:7

Judson Bible

ထို​အ​ခါ ပ​ရော​ဖက်​တို့​သည် ရှက်​ကြောက်​ကြ​လိမ့်​မည်။ အ​နာ​ဂတ်​ကို ဟော​သော​သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင် ထူး​တော်​မ​မူ​သော​ကြောင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နှုတ်​ကို ဖုံး​ထား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့​သည် ကိုယ်​လ​က္ခ​ဏာ သက်​သေ​များ​ကို မ​မြင်​ရ​ပါ။ ပ​ရော​ဖက်​သည် တစ်​ဖန်​မ​ပေါ်​မ​ရှိ​ပါ။ အ​ကျွန်ုပ်​တို့​တွင် ကာ​လ​အ​ပိုင်း​အ​ခြား​ကို သိ​သော​သူ​မ​ရှိ​ပါ။

ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်​အ​နာ​ဆိုး​ကြောင့်၊ မော​ရှေ​ရှေ့၌ မ​ရပ်​မ​နေ​နိုင်။ ထို​အ​နာ​ဆိုး​သည် ဝိ​ဇ္ဇာ​ဆ​ရာ​တို့၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့၌​လည်း​ကောင်း​စွဲ​သ​တည်း။

ငါ​သည် မိ​စ္ဆာ​ဆ​ရာ​တို့၏​ပု​ပ္ပ​နိ​မိတ်​များ​ကို ပယ်​ဖျောက်​တတ်၏။ ဗေ​ဒင်​သ​မား​တို့​ကို ရူး​သွပ်​စေ​တတ်၏။ ပ​ညာ​ရှိ​တို့​ကို​လှန်၍ သူ​တို့၏​ပ​ညာ​ကို မိုက်​စေ​တတ်၏။

သူ​တို့​က​လည်း လာ​ကြ။ ယေ​ရ​မိ​တစ်​ဖက်၌ ကြံ​စည်​ကြ​ကုန်​အံ့။ ယဇ်​ပု​ရော​ဟိတ်​သည် တ​ရား​အ​မှု၌​လည်း​ကောင်း၊ ပ​ညာ​ရှိ​သော​သူ​သည် အ​ကြံ​ပေး​ခြင်း​အ​မှု၌​လည်း​ကောင်း၊ ပ​ရော​ဖက်​သည် ဟော​ပြော​ခြင်း​အ​မှု၌​လည်း​ကောင်း အ​ရှုံး​မ​ခံ​ရ။ လာ​ကြ။ ယေ​ရ​မိ​ကို လျှာ​နှင့်​ရိုက်​ကြ​ကုန်​အံ့။ သူ၏​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ကုန်​အံ့​ဟု​ဆို​ကြ၏။

တိုး​တိုး​ညည်း​တွား​လော့။ သေ​သော​သူ​အ​တွက် မြည်​တမ်း​ခြင်း​ကို မ​ပြု​နှင့်။ ခေါင်း​ပေါင်း ပေါင်း၍ ခြေ​နင်း​ကို​စီး​လော့။ နှုတ်​ကို​မ​ဖုံး​နှင့်။ ဆင်း​ရဲ​သော​သူ၏ အ​စာ​ကို​မ​စား​နှင့်​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ သင်​တို့​သည် ငါ​ပြု​သ​ကဲ့​သို့ ပြု​ရ​ကြ​လိမ့်​မည်။ နှုတ်​ကို​မ​ဖုံး၊ ဆင်း​ရဲ​သော​သူ​တို့၏ အ​စာ​ကို မ​စား​ရ​ကြ။

နူ​နာ​စွဲ​သော​သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ခေါင်း​ကို​မ​ဖုံး၊ အ​ထက်​နှုတ်​ခမ်း​ကို​ဖုံး​လျက်၊ မ​စင်​ကြယ်၊ မ​စင်​ကြယ်​ဟု ဟစ်​ကြော်​ရ​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မွတ်​သိပ်​ခြင်း​ဘေး​ကို တစ်​ပြည်​လုံး၌ ငါ​ဖြစ်​စေ​သော​ကာ​လ ရောက်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး၍ မွတ်​သိပ်​ခြင်း​ဘေး မ​ဟုတ်၊ ရေ​ငတ်​ခြင်း​ဘေး​လည်း မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို မ​ကြား​ရ​သော မွတ်​သိပ်​ခြင်း​ဘေး ဖြစ်​လိမ့်​မည်။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ​သော်​လည်း နား​ထောင်​တော်​မ​မူ။ ဒု​စ​ရိုက်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ ထို​ကာ​လ၌ မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​လိမ့်​မည်။

လူ​အ​မျိုး​မျိုး​တို့​သည် ငါ၏​လူ​တို့၌​ရှိ​သ​မျှ​သော တန်​ခိုး​ကို​မြင်၍ မိန်း​မော​တွေ​ဝေ​လျက်၊ မိ​မိ​တို့​နှုတ်​ကို လက်​နှင့်​ပိတ်၍ နား​ပင်း​ကြ​လိမ့်​မည်။

ထို​ကာ​လ၌ ပ​ရော​ဖက်​သည်​ဟော​ပြော​သော​အ​ခါ မိ​မိ​မြင်​သော ရူ​ပါ​ရုံ​ကြောင့် ရှက်​လိမ့်​မည်။ သူ​တစ်​ပါး​ကို လှည့်​စား​မည့်​အ​ကြံ​နှင့် ကြမ်း​တမ်း​သော အ​ဝတ်​ကို​လည်း မ​ဝတ်​ရ။

ရှော​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို လိုက်​ရ​ပါ​မည်​လော။ သူ​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​လက်​သို့ အပ်​တော်​မူ​မည်​လော​ဟု ဘု​ရား​သ​ခင့်​ထံ အ​ခွင့်​ပန်​သော်​လည်း၊ ထို​နေ့​တွင် ပြန်​တော်​မ​မူ။

ရှ​မွေ​လ​က​လည်း၊ သင်​သည် ငါ့​ကို​နှောင့်​ယှက်​လျက် အ​ဘယ်​ကြောင့်​ဖော်​သ​နည်း​ဟု ရှော​လု​ကို မေး​သော်၊ ရှော​လု​က၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ပါ​ပြီ။ ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို စွန့်​တော်​မူ​ပြီ။ ပ​ရော​ဖက်​အား​ဖြင့် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့် ထူး​တော်​မ​မူ။ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို၊ ကိုယ်​တော်​ပြ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခေါ်​ပါ​ပြီ​ဟု ပြော​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့်​လည်း​ကောင်း၊ ဥ​ရိမ်​အား​ဖြင့်​လည်း​ကောင်း၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း​ကောင်း ထူး​တော်​မ​မူ။

ရှေး​ကာ​လ၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မေး​မြန်း​ခြင်း​ငှာ​သွား​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ မြင်​သော​သူ​ထံ​သို့ သွား​ကြ​စို့​ဟု ဆို​တတ်​ကြ၏။ ပ​ရော​ဖက်​ဟူ၍​ခေါ်​ဝေါ်​သော​သူ​ကို ရှေး​ကာ​လ၌ မြင်​သော​သူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ