သူခံရသော ဒဏ်နာမပျောက်နိုင်။ ယုဒပြည်တိုင်အောင်ကူးသဖြင့်၊ ငါ၏အမျိုးသားနေရာ ယေရုရှလင်မြို့ တံခါးသို့ရောက်လေပြီ။
သူ၏တံခါးတို့သည် ငိုကြွေးမြည်တမ်း၍၊
ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင် အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်၌ ခိုင်ခံ့သောမြို့ ရှိသမျှတို့ကိုစစ်ချီ၍ လုပ်ကြံပြီးလျှင်၊
ရာဗရှာခကိုခန့်ထား၍ များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည်ရောက်၍၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ ရပ်နေ၏။
အကျွန်ုပ်ခံရသောဝေဒနာသည် အဘယ်ကြောင့် မြဲပါသနည်း။ မပျောက်လို၊ မပျောက်နိုင်သောအနာကို အဘယ်ကြောင့် ခံရပါသနည်း။ အကယ်စင်စစ် ကိုယ်တော်သည်ပျောက်တတ်၍၊ လှည့်စားသောရေကဲ့သို့ အကျွန်ုပ်၌ ဖြစ်တော်မူပါပြီတကား။
အို အဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့သွား၍ ဗာလစံစေးကိုယူလော့။ သင်သည် များစွာသောဆေးကို အချည်းနှီးသုံးတတ်၏။ သင်၏အနာမပျောက်နိုင်ရာ။
မာရုတ်မြို့သမီးသည်လည်း ကောင်းသောအရာကို တောင့်တ၍ နာကျင်လျက်ရှိ၏။ အကြောင်းမူကား၊ ထာဝရဘုရားထံတော်မှ ဘေးဒဏ်သည် ယေရုရှလင်မြို့ တံခါးသို့ရောက်လေပြီ။
သို့ဖြစ်၍၊ သင်၏အပြစ်ကြောင့် သင့်ကိုငါသုတ်သင်ပယ်ရှင်းခြင်း အလိုငှာ နာကျင်စွာ ဒဏ်ခတ်မည်။
သင်၏အနာမပျောက်နိုင်။ ပြင်းစွာခံရ၏။ သင်၏သတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီးကြလိမ့်မည်။ အကြောင်းမူကား၊ သင်ပြုသော အဓမ္မအမှုကိုမခံဘဲ လွတ်သောသူကား အဘယ်သူနည်း။ ပရောဖက်နာဟုံ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။