Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မိက္ခာ 1:8

Judson Bible

ထို​အ​မှု​ကြောင့် ငါ​သည် ငို​ကြွေး​မြည်​တမ်း​မည်။ အ​ဝတ်​ကို​ချွတ်၍ အ​ချည်း​စည်း​လည်​သွား​မည်။ မြေ​ခွေး​ကဲ့​သို့ အူ​လျက်၊ ကု​လား​အုတ်​ငှက်​ကဲ့​သို့ မြည်​လျက်​နေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဟေ​ဇ​ကိ​မင်း​ကြီး နန်း​စံ​ဆယ်​လေး​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ်​သည် ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့​ကို စစ်​ချီ၍ လုပ်​ကြံ​လေ၏။

ထို​အ​မှု​ရှိ​သ​မျှ​ကို မော်​ဒ​ကဲ​သိ​သော​အ​ခါ၊ မိ​မိ အ​ဝတ်​ကို ဆုတ်၍ ပြာ​နှင့်​လူး​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ မြို့​အ​လယ်​သို့​သွား၍ ကြီး​ကျယ်​သော​အ​သံ​နှင့် ငို​ကြွေး​လေ၏။

မြေ​ခွေး​တို့​နှင့် ညီ​အစ်​ကို​တော်၏။ ကု​လား​အုတ်​ငှက်​တို့​နှင့် ပေါင်း​ဖော်​ရ၏။

အ​ကျွန်ုပ်​သည် လွင်​ပြင်၌​နေ​သော ဝံ​ပို​ကဲ့​သို့​လည်း​ကောင်း၊ တော၌​နေ​သော ဇီး​ကွက်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ၏။

တော​သား​ရဲ​တို့​သည် ထို​မြို့၌ အိပ်​ကြ​လိမ့်​မည်။ အိမ်​တို့​သည် မြည်​တတ်​သော တိ​ရ​စ္ဆာန်​များ​နှင့် အ​ပြည့်​ရှိ​ကြ​လိမ့်​မည်။ ကု​လား​အုတ်ငှက်​တို့​လည်း နေ​ရာ​ကျ၍၊ မျောက်​တို့​လည်း က​ခုန်​ကြ​လိမ့်​မည်။

တော​ခွေး​တို့​သည်​လည်း၊ ဘုံ​ဗိ​မာန်​များ၌​လည်း​ကောင်း၊ မြေ​ခွေး​တို့​သည်​လည်း၊ ကြက်​သ​ရေ​တိုက်​များ၌​လည်း​ကောင်း၊ အူ​ကြ၊ မြည်​ကြ​လိမ့်​မည်။ ထို​သို့​သော​ကာ​လ​နီး​လှ​ပြီ။ ထို​မြို့၏​အ​သက်​တာ မ​ရှည်​ရ။

ထို​ကြောင့်၊ ယာ​ဇာ​မြို့​အ​တွက် မျက်​ရည်​ကျ​သ​ကဲ့​သို့၊ စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင်​အ​တွက် ငါ​သည်​မျက်​ရည်​ကျ​မည်။ အို​ဟေ​ရှ​ဘုန်​မြို့​နှင့် ဧ​လာ​လေ​မြို့၊ ငါ​သည် မျက်​ရည်​ကျ​လျက် သင့်​ကို​ရေ​လောင်း​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​သစ်​သီး​နှင့် စ​ပါး​နှံ​တို့​သည် စစ်​တိုက်​သံ​နှင့် တွေ့​ကြုံ​ကြ​ပြီ။

ထို​ကြောင့်၊ ငါ​သည် ခါး​နာ​လှ၏။ သား​ဖွား​သော မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ​ရ၏။ နား​မ​ကြား​နိုင်​အောင် ပြင်း​ထန်​စွာ​ခံ​ရ၏။ မျက်​စိ​မ​မြင်​နိုင်​အောင် မှိုင်​တွေ​လျက်​ရှိ၏။

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ငါ့​ကို​မ​ကြည့်​ပါ​နှင့်။ ပြင်း​စွာ ငို​ရ​မည်။ ငါ့​အ​မျိုး​သ​တို့​သ​မီး​ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​စိတ်​ပြေ​စေ​ခြင်း​ငှာ မ​ကြိုး​စား​ပါ​နှင့်။

ငြိမ်​သက်​စွာ​နေ​သော မိန်း​မ​တို့၊ တုန်​လှုပ်​ကြ​လော့။ သ​တိ​မ​ရှိ​သော​သူ​တို့၊ ပူ​ပန်​ခြင်း​ရှိ​ကြ​လော့။ အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ပယ်​ချွတ်​ပြီး​မှ၊ ခါး၌ လျှော်​တေ​အ​ဝတ်​ကို စည်း​ကြ​လော့။

ငါ့​အ​သည်း​သည်​နာ၏။ ငါ့​အ​သည်း​သည် နာ၏။ ငါ့​နှ​လုံး​အ​ရေ​ဖျား​လည်း နာ၏။ ငါ့​အ​ထဲ၌ ငါ့​နှ​လုံး​ပူ​ဆွေး၏။ ငါ​သည် တိတ်​ဆိတ်​စွာ မ​နေ​နိုင်။ အ​ကြောင်း​မူ​ကား၊ အို ငါ့​ဝိ​ညာဉ်၊ သင်​သည် တံ​ပိုး​မှုတ်​သံ​နှင့် စစ်​တိုက်​သံ​ကို ကြား​ရ၏။

ငါ၏​လူ​မျိုး​သ​တို့​သ​မီး​နှင့်​ဆိုင်​သော အ​သေ​ကောင်​များ​အ​တွက်၊ ငါ​သည်​နေ့​ည​မ​ပြတ် ငို​ရ​မည်​အ​ကြောင်း၊ ငါ့​ဦး​ခေါင်း​သည် ရေ​သက်​သက်၊ ငါ့​မျက်​စိ​တို့​သည် မျက်​ရည်​ထွက်​သော​စမ်း​ဖြစ်​ပါ​စေ​သော။

တောင်​များ၊ လွင်​ပြင်​များ​တို့​အ​တွက် ငါ​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ရ​မည်။ ထို​အ​ရပ်​တို့၌ မီး​လောင်​သော​ကြောင့်၊ လူ​သည် မ​လျှောက်​မ​သွား​ရ။ သိုး​နွား မြည်​သံ​ကို မ​ကြား​ရ။ မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တို့​သည် ထွက်​ပြေး​ရ​ကြ​ပြီ။

နား​ထောင်​ကြ။ ဇိ​အုန်​မြို့၌​ကြား​ရ​သော ငို​ကြွေး​သံ​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​ဘယ်​မျှ​လောက် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​သည်​တ​ကား။ သူ​တစ်​ပါး​တို့​သည် ငါ​တို့​နေ​ရာ​များ​ကို​ဖြို​ချ​သော​ကြောင့်၊ ငါ​တို့​သည် ကိုယ်​ပြည်​ကို​စွန့်၍ အ​လွန် မိန်း​မော​တွေ​ဝေ​ကြ​သည်​တ​ကား။

အ​ချင်း​လူ​သား၊ အဲ​ဂု​တ္တု​ပြည်​သား​အ​လုံး​အ​ရင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို ပြု​လော့။ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နေ​ရာ မြေ​အောက်​အ​ရပ်​သို့ တိုင်​အောင်၊ ကျော်​စော​သော​လူ​မျိုး သ​တို့​သ​မီး​တို့​နှင့်​တ​ကွ နှိမ့်​ချ​လျက် မြွက်​ဆို​ရ​မည်​မှာ၊

ထို​ကာ​လ​တွင် သင်​တို့​တစ်​ဖက်၌ ပုံ​စ​ကား​ကို​သုံး၍၊ အ​လွန်​ပြင်း​စွာ မြည်​တမ်း​ရ​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့​သည် ရှင်း​ရှင်း ပျက်​စီး​ကြ​ပြီ။ ငါ့​အ​မျိုး​သား​ခံ​စား​ရ​သော အ​ဖို့​ကို​လဲ၍ ငါ့​လက်​မှ ရုပ်​တော်​မူ​ပြီ​တ​ကား။ ငါ​တို့ လယ်​ကွက်​များ​ကို ရုပ်​သိမ်း၍၊ သူ​တစ်​ပါး​တို့​အား ဝေ​ဖန်​တော်​မူ​ပြီ။

အ​ဝတ်​တော်​ကို​လည်း ချွတ်၍၊ ရှ​မွေ​လ​ရှေ့​မှာ ထို​အ​တူ​ပ​ရော​ဖက်​ပြု​လျက်၊ အ​ဝတ်​မ​ပါ​ဘဲ တစ်​နေ့​နှင့် တစ်​ည လဲ​လျက်​နေ၏။ ထို​ကြောင့် ရှော​လု​သည်​လည်း ပ​ရော​ဖက်​တို့၌​ပါ​သ​လော​ဟု ဆို​လေ့​ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ