Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မိက္ခာ 1:3

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ် ဌာ​န​တော်​ထဲ​က ထွက်​ကြွ​ဆင်း​သက်၍၊ မြင့်​သော မြေ​အ​ရပ်​တို့​ကို နင်း​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မာ​န​ထောင်​လွှား​သော သူ​အ​ပေါင်း​တို့​ကို ကြည့်​ရှု၍ ရှုတ်​ချ​လော့။ အ​ဓ​မ္မ​လူ​တို့​ကို နှိပ်​နင်း၍၊

ငါ​တို့၏​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ၏။ အ​လို​တော်​ရှိ​သ​မျှ​အ​တိုင်း ပြု​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဤ​တောင်​ပေါ်​မှာ​ငြိမ်း​လိမ့်​မည်။ ကောက်​ရိုး​သည် နောက်​ချေး​ရွှံ့​ဗွက်၌ နှိပ်​နင်း​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊ မော​ဘ​ပြည်​သည် မိ​မိ၌​နှိပ်​နင်း​တော်​မူ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​သား​တို့​ကို၊ သူ​တို့​ဒု​စ​ရိုက်​ကြောင့် အ​ပြစ်​ပေး​လို​သော​ငှာ၊ မိ​မိ​အ​ရပ်​ဌာ​န​ထဲ​က ထွက်​တော်​မူ၏။ ထို​အ​ခါ မြေ​ကြီး​သည် မိ​မိ၌​ရှိ​သော​အ​သွေး​ကို ဖော်​ပြ​ရ​လိမ့်​မည်။ မိ​မိ၌ အ​သေ​ခံ​ရ​သော​သူ​တို့​ကို နောက်​တစ်​ဖန် ဝှက်၍​မ​ထား​ရ။

ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​မှ ဘုန်း​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု၊ ငါ့​နောက်၌ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​အ​သံ​ကို ငါ​ကြား၏။

တောင်​တို့​ကို လုပ်၍ လေ​ကို​ဖန်​ဆင်း​ထ​သော၊ လူ​စိတ်​အ​ကြံ​အ​စည်​ကို လူ​အား​ဖော်​ပြ​ထ​သော၊ နံ​နက်​အ​လင်း​ကို အ​မိုက်​ဖြစ်​စေ​ထ​သော၊ မြင့်​သော​မြေ​အ​ရပ်​တို့​ကို နင်း​သော​သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကို​ထိ​တော်​မူ​လျှင်၊ မြေ​သည် အ​ရည်​ဖြစ်၍ မြေ​သား​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ မြစ်​ကဲ့​သို့ တစ်​ပြည်​လုံး​ထ​ပြီး​လျှင်၊ တစ်​ဖန် အဲ​ဂု​တ္တု​မြစ်၌ မြုပ်​သ​ကဲ့​သို့ မြုပ်​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့​ဖြစ်​စေ၍၊ ငါ၏​မြင့်​ရာ အ​ရပ်​ပေါ်​မှာ ငါ့​ကို​နေ​ရာ​ချ​တော်​မူ​မည်။ ပ​ရော​ဖက်​ဟ​ဗ​က္ကုတ် စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ထို​နေ့​ရက်၌ ခြေ​တော်​သည် ယေ​ရု​ရှ​လင်​မြို့ အ​ရှေ့၊ သံ​လွင်​တောင်​ပေါ်​မှာ​ရပ်၍၊ သံ​လွင်​တောင်​သည် အ​ရှေ့​ဘက်​မှ အ​နောက်​ဘက်​တိုင်​အောင် အ​လယ်၌​ကွဲ​သ​ဖြင့်၊ အ​လွန်​ကြီး​သော​ချိုင့်​ဖြစ်​လိမ့်​မည်။ တောင်​တစ်​ဝက်​သည် မြောက်​ဘက်​သို့​လည်း​ကောင်း၊ တစ်​ဝက်​သည် တောင်​ဘက်​သို့​လည်း​ကောင်း ရွှေ့​ရ​လိမ့်​မည်။

မြေ​ကြီး​ပေါ်​မှာ မြင့်​မြတ်​သော​အ​ရပ်​တို့၌ နေ​ရာ​ချ​တော်​မူ​သ​ဖြင့်၊ သူ​သည် မြေ​အ​သီး​အ​နှံ​ကို​စား၍ ကျောက်​ထဲ​က​ပျား​ရည်​ကို​လည်း​ကောင်း၊ မီး​ပါ​ကျောက်​ထဲ​က​ဆီ​ကို​လည်း​ကောင်း၊

အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​သော​အ​မျိုး၊ သင်​နှင့်​အ​ဘယ်​သူ တူ​သ​နည်း။ ထို​ဘု​ရား​သည် သင့်​ကို ကွယ်​ကာ​သော​ဒိုင်း​လွှား၊ သင့်​ကို ချီး​မြှောက်​သော ဓား​လက်​နက်​ဖြစ်​တော်​မူ၏။ သင်၏​ရန်​သူ​တို့​သည် သင့်​ရှေ့​မှာ​ရှုံး၍၊ သင်​သည် သူ​တို့၏​မြင့်​မြတ်​သော​အ​ရပ်​တို့၌ နင်း​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ