မိက္ခာ 1:13Judson Bibleအို လာခိရှမြို့သမီး၊ လျင်မြန်သောမြင်းကို ရထား၌ကလော့။ သင်သည် ဣသရေလ၏ လွန်ကျူးခြင်းကိုလက်ခံ၍၊ ဇိအုန်သတို့သမီးအား အပြစ်လမ်းကို ပြသတည်း။ အခန်းကိုကြည့်ပါ။ |
နောက်တစ်ဖန် အာရှုရိရှင်ဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရောက်သောအခါ၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ ရပ်နေကြ၏။
သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှာ လည်းကောင်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှာလည်းကောင်း၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူတည်းဟူသော ဗာလမ်၏အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ၌ရှိကြသည်ဖြစ်၍၊ သင်၌ အနည်းငယ်သောအပြစ်တင်စရာ ရှိ၏။-
သို့သော်လည်း၊ ငါ၏အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှာလည်းကောင်း၊ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှာလည်းကောင်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ်သော သင်၏ခင်ပွန်း ယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရသောအခွင့်ကို သင်သည်ပေးသောကြောင့်၊ သင်၌ အပြစ်တင်စရာရှိ၏။-