Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မိက္ခာ 1:10

Judson Bible

ဂါ​သ​မြို့၌ သ​တင်း​မ​ပြော​ကြ​နှင့်။ အ​လျှင်း​မ​ငို​ကြွေး​ကြ​နှင့်။ ဗေ​သော​ဖ​ရာ​မြို့​မှာ မြေ​မှုန့်၌ လူး​လဲ​လျက် နေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​သ​တင်း​ကို ဂါ​သ​မြို့၌ မ​ပြော​ကြ​နှင့်။ အာ​ရှ​ကေ​လုန်​မြို့​လမ်း​တို့၌ မ​ကြား​မ​ပြော​ကြ​နှင့်။ ဖိ​လိ​တ္တိ​အ​မျိုး​သ​မီး​တို့​သည် ဝမ်း​မြောက်၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော အ​မျိုး​သ​မီး​တို့​သည် ရွှင်​လန်း​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

ယော​ဘ​သည် ကိုယ်​ကို​ခြစ်​စ​ရာ အိုး​ခြမ်း​ကို ကိုင်​ယူ၍ မီး​ဖို​ပြာ​ထဲ​မှာ ထိုင်​လေ၏။

အို ငါ၏​လူ​မျိုး​သ​တို့​သ​မီး၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း၍ ပြာ၌​လူး​လည်း​လော့။ တစ်​ယောက်​တည်း​သော​သား​သေ​သည်​ကို ငို​ကြွေး​သ​ကဲ့​သို့၊ ငို​ကြွေး၍ ပြင်း​စွာ​မြည်​တမ်း​လော့။ လု​ယူ​ဖျက်​ဆီး​သော​သူ​သည် ငါ​တို့​ကို ချက်​ချင်း​တိုက်​လိမ့်​မည်။

မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​ကောင်း​ရှိ​လိမ့်​မည်​ဟု ထင်​လျက်၊ မိ​မိ​နှုတ်​ကို မြေ​မှုန့်၌​ကပ်​စေ။

ထို​သို့​သော​ကာ​လ​သည် ဆိုး​ယုတ်​သော​ကာ​လ ဖြစ်​သော​ကြောင့်၊ ပ​ညာ​ရှိ​သော​သူ​သည် တိတ်​ဆိတ်​စွာ နေ​လိမ့်​မည်။

ပေါက်​ဖော်​တော်၍ မီး​ဖြင့် သင်္ဂြိုဟ်​ရ​သော​သူ​သည် အိမ်​ထဲ​က​အ​သေ​ကောင်​ကို​ထုတ်၍ ချီ​သွား​သော​အ​ခါ၊ အိမ်​အ​တွင်း​တွင်​ရှိ​သော သူ​ကို​ခေါ်၍၊ သင်၌ တစ်​စုံ​တစ်​ယောက် ကျန်​ကြွင်း​သေး​သ​လော​ဟု မေး​သော်၊ မ​ကျန်​ကြွင်း​ဟု ပြန်​ပြော​လိမ့်​မည်။ ထမ်း​သွား​သော​သူ​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ရ​သော အ​ခွင့်​မ​ရှိ​ဟု ပြော​ဆို​လိမ့်​မည်။

အာ​ဝိမ်​မြို့၊ ပါ​ရ​မြို့၊ ဩ​ဖ​ရာ​မြို့၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ