Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မာ​လ​ခိ 3:8

Judson Bible

လူ​သည် ဘု​ရား​သ​ခင်၏​ဥ​စ္စာ​တော်​ကို လု​ယူ​ရ​မည်​လော။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့ လု​ယူ​ပါ​သ​နည်း​ဟု သင်​တို့​မေး​လျှင်၊ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​တို့​ကို​လည်း​ကောင်း လု​ယူ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​လျက်၊ သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။

စွန့်​ကြဲ​သော်​လည်း ဥ​စ္စာ​တိုး​ပွား​တတ်​သော​သူ​ရှိ၏။ အ​ထောက်​မ​တန်​စု​သိမ်း၍ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်​သော​သူ​လည်း​ရှိ၏။

မီး​ရှို့​ရာ သိုး​သ​ငယ်​ကို ငါ့​ထံ​သို့​မ​ဆောင်​ခဲ့။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ့​ကို မ​ချီး​မြှောက်။ ငါ​သည် သင့်​ကို အ​လှူ​ဒါ​န​နှင့် အ​မှု​မ​ထမ်း​စေ။ လော​ဗန်​ကို တောင်း၍ သင့်​ကို မ​ပင်​ပန်း​စေ။

ပ​ဥ္စ​မ​နှစ်​တွင် သီး​သော​အ​သီး​ကို​စား​ရ​မည်။ ထို​သို့​ပြု​လျှင် အ​ပင်​တို့​သည် သာ၍​သီး​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ ထို​စာ​စောင်​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​သော​ကျိန်​ခြင်း​ဖြစ်၏။ ခိုး​တတ်​သော​သူ ရှိ​သ​မျှ​တို့​သည်၊ ထို​စာ​စောင်​တစ်​ဖက်၌ ပါ​သည်​အ​တိုင်း ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကျိန်​ရဲ​သော သူ​ရှိ​သ​မျှ​တို့​သည်၊ ထို​စာ​စောင်​တစ်​ဖက်၌ ပါ​သည်​အ​တိုင်း ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။

တစ်​ဖန် သင်​တို့​က၊ အ​မှု​တော်​ကို ဆောင်​ရွက်၍ ပင်​ပန်း​စွ​တ​ကား​ဟု ဆို​လျက်၊ ကဲ့​ရဲ့​သံ​ကို​ပြု​တတ်​ကြ​သည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လု​ယူ​သော​အ​ကောင်၊ ခြေ​ဆွံ့​သော​အ​ကောင်၊ နာ​သော​အ​ကောင်​ကို ဆောင်​ခဲ့​ကြ​ပြီ။ ထို​သို့​သော ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ကြ​ပြီ​တ​ကား။ သင်​တို့​လက်​မှ ငါ​ခံ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။

မျက်​စိ​ကန်း​သော​အ​ကောင်​ကို ယဇ်​ပူ​ဇော်​လျှင် အ​ပြစ်​ရှိ​သည် မ​ဟုတ်​လော။ ခြေ​ဆွံ့​သော​အ​ကောင်​နှင့် နာ​သော​အ​ကောင်​ကို ယဇ်​ပူ​ဇော်​လျှင် အ​ပြစ်​ရှိ​သည် မ​ဟုတ်​လော။ မြို့​ဝန်​မင်း​အား ဆက်​ပါ​လော့။ မင်း၏​စိတ်​နှင့် တွေ့​လိမ့်​မည်​လော။ သင့်​မျက်​နှာ​ကို ထောက်​လိမ့်​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏ ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​ဥ​စ္စာ​ကို​ကား၊ ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို သူ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။

ကိုယ်​တော်​က၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။-

ထို​ကြောင့်၊ လူ​အ​သီး​အ​သီး ခံ​ထိုက်​သည်​အ​တိုင်း ပေး​ကြ​လော့။ အ​ခွန်​ကို​ခံ​ထိုက်​သော​သူ​အား အ​ခွန်​ကို​လည်း​ကောင်း၊ အ​ကောက်​ကို ခံ​ထိုက်​သော​သူ​အား အ​ကောက်​ကို လည်း​ကောင်း ပေး​ကြ​လော့။ ကြောက်​ထိုက်​သော​သူ​ကို ကြောက်​ကြ​လော့။ ရို​သေ​ထိုက်​သော​သူ​ကို ရို​သေ​ကြ​လော့။

သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်​ဟု​ဆို​လျက်​ပင် ကိုယ်​တိုင်​ပြစ်​မှား​သ​လော။ ရုပ်​တု​ကို​စက်​ဆုပ်​ရွံ​ရှာ​လျက်​ပင် ဗိ​မာန်​တော်​ကို လု​ယူ​ဖျက်​ဆီး​သ​လော။-

ဣ​သ​ရေ​လ​အ​မျိုး​သည် ပြစ်​မှား​ပြီ။ ငါ​မှာ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လေ​ပြီ။ ကျိန်​အပ်​သော​အ​ရာ​ကို ခိုး​ယူ၍ ပ​ရိ​ယာယ်​ပြု​သ​ဖြင့် မိ​မိ​ဥ​စ္စာ​ထဲ​မှာ​ထား​လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ