Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မာ​လ​ခိ 3:10

Judson Bible

ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

35 ပူးပေါင်းရင်းမြစ်များ  

ပေး​သ​နား​တော်​မူ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​ပါ​မည်​ဟူ၍ သ​စ္စာ​ပြု​လေ၏။

နော​ဧ​အ​သက်​ခြောက်​ရာ​စေ့​သော​နှစ်၊ ဒု​တိ​ယ​လ၊ ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ကြီး​စွာ​သော နက်​နဲ​ရာ ရေ​ပေါက်​ရေ​တွင်း​တို့၏ အ​ဆီး​အ​တား​ရှိ​သ​မျှ​ကို​ပယ်​ရှင်း၍၊ မိုး​ကောင်း​ကင်​ပြွန်၀​များ​ကို ဖွင့်​သ​ဖြင့်၊

အ​မတ်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြတင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို၍၊ ဘု​ရား​သ​ခင်၏​လူ​က သင်​သည်​ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော​သည်​အ​တိုင်း၊

ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော​အ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြတင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော၏။

လေ​ဝိ​သား​တို့​တွင်၊ အ​ဟိ​ယ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​နှင့် ပူ​ဇော်​သော​ဘ​ဏ္ဍာ​များ​ကို အုပ်​ရ၏။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် အ​မှု​တော်​ကို စောင့်​လျက်​နေ​သော​ကြောင့်၊ ယု​ဒ​အ​မျိုး​သား​တို့​သည် အား​ရ​ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​ခံ​အပ်​သော ပူ​ဇော်​သ​ကာ၊ အ​ဦး​သီး​သော​အ​သီး၊ ဆယ်​ဖို့​တစ်​ဖို့​ကို မြို့​နယ်​ကျေး​လက်​ထဲ​က သိမ်း​ယူ၍၊ သို​ထား​စ​ရာ ဘ​ဏ္ဍာ​တိုက်​များ​ကို အုပ်​ရ​သော​တိုက်​စိုး​တို့​ကို ခန့်​ထား​ကြ၏။

ဇေ​ရု​ဗ​ဗေ​လ​နှင့် နေ​ဟ​မိ​လက်​ထက်၌​လည်း၊ ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း သီ​ချင်း​သည်၊ တံ​ခါး​စောင့်​ခံ​အပ်​သော စား​စ​ရာ​ရိ​က္ခာ​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​အား သန့်​ရှင်း​သော အ​ရာ​တို့​ကို​လည်း​ကောင်း လှူ​ကြ၏။ လေ​ဝိ​သား​တို့​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား လှူ​ကြ၏။

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နံ့​သာ​ပေါင်း၊ တန်​ဆာ​မျိုး​ကို​လည်း​ကောင်း၊ ပ​ညတ်​တော်​အ​တိုင်း လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်​တို့​အား ပေး​ရ​သော ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား လှူ​ရ​သော အ​လှူ​တို့​ကို​လည်း​ကောင်း၊ သို​ထား​မြဲ​ရှိ​သော အ​ခန်း​ကြီး​ကို တော​ဘိ​အ​ဖို့ ပြင်​ဆင်၏။

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။

မိုး​တိမ်​တို့​သည် မိုး​ရေ​နှင့်​ပြည့်​သော​အ​ခါ မြေ​ပေါ်​မှာ​ရွာ​တတ်၏။ သစ်​ပင်​သည် တောင်​ဘက်​သို့ လဲ​သည်​ဖြစ်​စေ၊ မြောက်​ဘက်​သို့ လဲ​သည်​ဖြစ်​စေ၊ လဲ​သော​အ​ရပ်၌ နေ​ရာ​ကျ၏။

သူ​တို့​ကို​လည်း​ကောင်း၊ ငါ၏​တောင်​တော်​ပတ်​လည်၌ ရှိ​သော အ​ရပ်​တို့​ကို​လည်း​ကောင်း ငါ​ကောင်း​ချီး​ပေး၍၊ အ​ချိန်​တန်​လျှင် မိုး​ကို​ရွာ​စေ​သ​ဖြင့်၊ ကောင်း​ချီး​မိုး​ရေ​ကျ​ရ​လိမ့်​မည်။

အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​နှင့်၊ ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​ရ​မည်။ သူ​သည်​သင့်​အိမ်၌ ကောင်း​ကြီး​မင်္ဂ​လာ​ကို သက်​ရောက်​စေ​ခြင်း​ငှာ၊ အ​ဦး​နယ်​သော မုန့်​စိမ်း​ကို သူ၌​လှူ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ငါ​သည် နား​ထောင်​မည်။ မိုး​ကောင်း​ကင်​စ​ကား​ကို နား​ထောင်၍၊ သူ​သည် မြေ​ကြီး​စ​ကား​ကို နား​ထောင်​မည်။

အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မူ​လျက်၊ ငါ​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ကို ပေး​လိုက်၍ သင်​တို့​သည် ဝ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် တစ်​ပါး​အ​မျိုး​သား ကဲ့​ရဲ့​ရာ​ဖြစ်​စေ​ခြင်း​ငှာ ငါ​မ​ပြု။

ကောက်​နယ်​တ​လင်း​တို့​သည် စ​ပါး​နှင့်​ပြည့်၍၊ အ​သီး​နယ်​ရာ ကျင်း​တို့၌​လည်း စ​ပျစ်​ရည်​နှင့် ဆီ လျှံ​ကြ​လိမ့်​မည်။

သို​ထား​သော စ​ပါး​ဟောင်း​ကို​စား၍​မ​ကုန်​မီ၊ စ​ပါး​သစ်​ပေါ်​သော​ကြောင့်၊ အ​ဟောင်း​ကို​ထုတ်​ရ​ကြ​မည်။

သင်​တို့​သည်၊ ငါ့​ထုံး​ဖွဲ့​ရာ​လမ်း​သို့​လိုက်၍၊ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​စောင့်​လျှင်၊

စ​ပါး​ဖြစ်​စေ၊ သစ်​သီး​ဖြစ်​စေ၊ မြေ​က​ဖြစ်​သ​မျှ​သော​အ​သီး​အ​နှံ ဆယ်​စု​တစ်​စု​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘ​ဏ္ဍာ​တော်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​မည်။

စ​ပါး​ကျီ၌ စ​ပါး​ရှိ​သ​လော။ မ​ရှိ။ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်၊ သံ​လွင်​ပင်​တို့​သည် အ​သီး​ကို မ​သီး​ကြ​သေး။ သို့​သော်​လည်း၊ ယ​နေ့​မှ​စ၍ သင်​တို့​ကို ငါ​ကောင်း​ချီး​ပေး​မည်​ဟု မိန့်​တော်​မူ​၏။

လေ​ဝိ​သား​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​သော​ကြောင့်၊ သူ​တို့​အ​မွေ​ခံ​စ​ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ငါ​ပေး​ပြီ။

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။-

ထို​အ​ရပ်​သို့ သင်​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​နှင့် ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​စ၍၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

လယ်​ယာ၌ တစ်​နှစ်​တစ်​နှစ်​တွင်​သိမ်း​ရ​သော အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို အ​မှန်​ခွဲ​ထား​ရ​မည်။

သင်​တို့​နှင့်​ရော၍ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို မ​ခံ​ရ​သော လေ​ဝိ​သား၊ သင်​တို့​နေ​ရာ​အ​ရပ်၌​ရှိ​သော တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​များ​တို့​သည် လာ၍ ဝ​စွာ​စား​ရ​ကြ​မည်။ သို့​ဖြစ်​လျှင် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် အ​ချိန်​တန်​မှ သင်၏​ပြည်၌ မိုး​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ဘ​ဏ္ဍာ​တော်​တိုက်​တည်း​ဟူ​သော မိုး​ကောင်း​ကင်​ကို​ဖွင့်​တော်​မူ​မည်။ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား​ချေး​ငှား​ရ​သော​အ​ခွင့် မ​ရှိ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ