Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မာ​လ​ခိ 2:16

Judson Bible

မ​ယား​ကို​စွန့်​ခြင်း​အ​မှု၊ မိ​မိ​ခင်​ပွန်း၌ ပြစ်​မှား​သော​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​အ​မှု​ကို ငါ​မုန်း​သည်​ဟု၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ သ​စ္စာ​ကို မ​ဖျက်​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် မာ​န​ကို လည်​ဆွဲ​တန်​ဆာ​ကဲ့​သို့​ဆင်၍၊ ညှဉ်း​ဆဲ​ခြင်း​အ​ဝတ်​ကို​လည်း ဝတ်​တတ်​ကြ၏။

မိ​မိ​အ​ပြစ်​ကို ဝှက်​ထား​သော​သူ​သည် ချမ်း​သာ​မ​ရ။ မိ​မိ​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ချ၍ စွန့်​ပစ်​သော​သူ​မူ​ကား၊ က​ရု​ဏာ​တော်​ကို ခံ​ရ​လိမ့်​မည်။

ငါ့​သား၊ သင်​သည် အ​မျိုး​ပျက်​သော​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် ယစ်​မူး​သ​နည်း။ ပြည့်​တန်​ဆာ​မ၏​ရင်​ပတ်​ကို အ​ဘယ်​ကြောင့် ဖက်​ယမ်း​သ​နည်း။

ခု​တင်​သည် ကိုယ်​မ​ဆန့်​လောက်​အောင်​တို၏။ စောင်​သည်​လည်း မ​ခြုံ​လောက်​အောင် ငယ်၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​လွှတ်​လိုက်​သော သင်​တို့​အ​မိ၏ ဖြတ်​စာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ငါ၌​ကြွေး​ရှိ၍ အ​ဘယ်​မည်​သော ကြွေး​ရှင်​ထံ၌ သင်​တို့​ကို ငါ​ရောင်း​သ​နည်း။ သင်​တို့​သည် ကိုယ်​ပြု​သော ဒု​စ​ရိုက်​အ​တွက် ကျွန်​ခံ​ရ​ကြ၏။ သင်​တို့​အ​ပြစ်​ကြောင့်၊ သင်​တို့​အ​မိ​ကို ငါ​လွှတ်​လိုက်၏။

သူ​တို့​ရက်​သော​အ​မြှေး​ဖြင့် အ​ဝတ်​ကို မ​လုပ်​ရ။ ကိုယ်​အ​ကျင့်​နှင့် ကိုယ်​ကို မ​ခြုံ​ရ​ကြ။ သူ​တို့​ပြု​သော​အ​မှု​သည် အ​ဓ​မ္မ​အ​မှု​ဖြစ်၏။ သူ​တို့​လက်၌ ကြမ်း​တမ်း​သော​အ​မှု​ရှိ​၏။

အ​ကြင်​သူ​သည် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု၏။ ထို​သူ​သည် မိ​မိ​မ​ယား​ကို ပြစ်​မှား၏။ လင်​ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။

ခင်​ပွန်း​ရှိ​သော သူ​တို့​ကို​လည်း၊ ငါ​ပ​ညတ်​သည် သာ​မ​က၊ သ​ခင်​ဘု​ရား ပ​ညတ်​တော်​မူ​သည်​ကား၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း​ကို မ​စွန့်​ပစ်​စေ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ