မာလခိ 1:2Judson Bibleထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ သင်တို့ကို ငါချစ်လေပြီ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ်တော်မူသနည်းဟု သင်တို့မေးကြလျှင်၊ ဧသောသည် ယာကုပ်၏အစ်ကို ဖြစ်သည်မဟုတ်လော။ သို့သော်လည်း ယာကုပ်ကိုငါချစ်၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ကိုနှစ်သက်၍၊ ဣသရေလနိုင်ငံ၏ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှာ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အားပြောဆို၍၊
ယခုဖြစ်သော အမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကို ဆင်ခြင်ကြလော့။ ငါသည် ဣသရေလအမျိုး၌ တောကဲ့သို့လည်းကောင်း၊ မှောင်မိုက်နိုင်ငံကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။ ငါ၏လူတို့က၊ ငါတို့သည် အရပ်ရပ်သို့ လည်မည်။ ကိုယ်တော်ထံသို့ နောက်တစ်ဖန် မချဉ်းကပ်ဟု အဘယ်ကြောင့် ဆိုကြသနည်း။
သင်တို့သည် ထာဝရဘုရား၏နားတော်ငြီးသည်တိုင်အောင် စကားများကြ၏။ နားတော်ငြီးသည်တိုင်အောင် အဘယ်သို့ ပြုမိသနည်းဟု မေးသော်၊ ဒုစရိုက်ကိုပြုသောသူတိုင်း ထာဝရဘုရားရှေ့တော်၌ ကောင်း၏။ ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏ ဟူ၍လည်းကောင်း၊ စစ်ကြောစီရင်တော်မူသော ဘုရားသခင်ကား၊ အဘယ်မှာရှိသနည်း ဟူ၍လည်းကောင်း ဆိုတတ်ကြသည်တကား။