Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 9:7

Judson Bible

ထို​ကျိုင်း​ကောင်​တို့၏ အ​ဆင်း​သ​ဏ္ဌာန်​သည် စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​သော​မြင်း၏ အ​ဆင်း​သ​ဏ္ဌာန်​နှင့် တူ၏။ ခေါင်း​ပေါ်​မှ ရွှေ​သ​ရ​ဖူ​ကို ဆောင်း​ဟန်​ရှိ၏။ မျက်​နှာ​သည် လူ​မျက်​နှာ​ကဲ့​သို့​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ငါ ကြည့်​ရှု၍​နေ​စဉ်၊ သူ၏​အ​တောင်​ကို နုတ်​ကြ၏။ မြေ​မှ ကိုယ်​ကို ချီ​ကြွ​လျက် လူ​ကဲ့​သို့ ခြေ​ဖြင့်​မတ်​တပ်​ရပ်၍၊ လူ​စိတ်​သ​ဘော​ကို​လည်း​ရ၏။ ဒု​တိ​ယ​သား​ရဲ​သည် ဝံ​နှင့်​တူ၏။

ထို​ချို​တို့​ကို ငါ​ကြည့်​ရှု​စဉ်၊ ချို​များ​အ​လယ်၌ ချို​ငယ်​တစ်​ချောင်း​သည် ပေါက်​ပြန်၏။ ထို​ချို​ငယ်​ရှေ့​မှာ အ​ရင်​ချို​သုံး​ချောင်း​ကို အ​မြစ်​နှင့်​တ​ကွ နုတ်​လေ၏။ ထို​ချို​ငယ်​သည် လူ​မျက်​စိ​ကဲ့​သို့​သော မျက်​စိ​နှင့်​လည်း​ကောင်း၊ ကြီး​စွာ​သော စ​ကား​ကို ပြော​တတ်​သော နှုတ်​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။

သင်၏​မင်း​သား​တို့​သည် အ​ရာ​ဘ​ကျိုင်း​ကဲ့​သို့​လည်း​ကောင်း၊ ဗိုလ်​တို့​သည် ဂေါ​ဘ​ကျိုင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၍၊ ချမ်း​သော​အ​ခါ စောင်​ရန်း​နား​မှာ ဝပ်​တတ်​ကြ၏။ နေ​ထွက်​သော​အ​ခါ ပျံ​သွား၍ အ​ဘယ်​အ​ရပ်​သို့ ရောက်​သည်​ကို မ​သိ​ရ။

ထို​အ​ခါ ငါ​ကြည့်​လျှင်၊ မြင်း​ဖြူ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် လေး​ကို​ကိုင်၏။ သူ၌​သ​ရ​ဖူ​ကို ပေး​တော်​မူ၏။ အောင်​မြင်​လျက်​လည်း​ကောင်း၊ အောင်​မြင်​ခြင်း​ငှာ​လည်း​ကောင်း ထွက်​သွား၏။

ကျိုင်း​ကောင်​တို့​သည် မီး​ခိုး​အ​ထဲ​က မြေ​ကြီး​အ​ပေါ်​သို့​ထွက်၍ မြေ​ကင်း​မြီး​ကောက် တန်​ခိုး​ကဲ့​သို့​သော တန်​ခိုး​ကို ရ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ