Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 8:5

Judson Bible

ကောင်း​ကင်​တ​မန်​သည် လင်​ပန်း​ကို​ယူ၍ ယဇ်​ပ​လ္လင်၏ မီး​နှင့်​ပြည့်​စေ​ပြီး​မှ၊ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်​သည်​ဖြစ်၍၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ လျှပ်​စစ်​ပြက်​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

နှုတ်​က​ပတ်​တော်​က​လည်း ထွက်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့ တောင်​ပေါ်​မှာ​ရပ်​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​လျှောက်​သွား​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ အား​ကြီး​သော​လေ​ပြင်း​သည် တောင်​ထိပ်​တို့​ကို​ခွဲ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျောက်​တို့​ကို ချိုး​ဖဲ့၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် လေ၌​ရှိ​တော်​မ​မူ။ လေ​နောက်​မှာ မြေ​လှုပ်​ခြင်း​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​လှုပ်​ရှား​ခြင်း၌​လည်း ရှိ​တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ကင်​ပေါ်​မှာ မိုး​ချုန်း၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အ​သံ​တော်​ကို​လွှင့်​တော်​မူ၏။

သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​သံ​ဗ​လံ​မြည်​ခြင်း​နှင့်​တ​ကွ မိုး​သက်​မုန်​တိုင်း၊ လောင်​တတ်​သော မီး​လျှံ​အား​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဘုန်း​ကြီး​သော​အ​သံ​တော်​ကို လွှတ်​တော်​မူ​လိမ့်​မည်။ လက်​ရုံး​တော် သက်​ရောက်​ခြင်း၊ ပြင်း​စွာ​အ​မျက်​ထွက်​ခြင်း၊ မီး​လျှံ​လောင်​ခြင်း၊ မိုး​သီး​ပါ​လျက်၊ မိုး​သက်​မုန်​တိုင်း​များ​တို့​ကို ပြ​တော်​မူ​လိမ့်​မည်။

မြို့၌ အုတ်​အုတ်​ကျက်​ကျက်​သော​အ​သံ၊ ဗိ​မာန်​တော်​ထဲ​က ထွက်​သော​အ​သံ၊ ရန်​သူ​တို့​အား အ​ကျိုး​အ​ပြစ်​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​သံ​ပေ​တည်း။

မြား​တို့​ကို ပွတ်​ကြ​လော့။ ဒိုင်း​လွှား​တို့​ကို ကိုင်​စွဲ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မေ​ဒိ​ရှင်​ဘု​ရင်​တို့​ကို နှိုး​ဆော်​တော်​မူ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကို ဖျက်​ဆီး​မည် အ​ကြံ​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို​ဖြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​ခြင်း​အ​မှု ဖြစ်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​မီး​ခဲ​နှင့် ပြည့်​သော လင်​ပန်း​ကို​ကိုင်​လျက်၊ ညက်​စွာ​သော နံ့​သာ​ပေါင်း​မွှေး​အ​မှုန့်​ကို မိ​မိ​လက်၌​အ​ပြည့်​ယူ၍၊ ကု​လား​ကာ​အ​တွင်း​သို့ ဆောင်​သွား​ရ​မည်။

သင်​တို့​သည် ငါ့​တောင်​ကြား​ချိုင့်​လမ်း​ဖြင့် ပြေး​ကြ​လိမ့်​မည်။ ထို​ချိုင့်​သည် အာ​ဇ​လ​မြို့​တိုင်​အောင် မီ လိမ့်​မည်။ ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း​လက်​ထက်၊ မြေ​ကြီး​လှုပ်၍ သင်​တို့​သည် ပြေး​သ​ကဲ့​သို့ တစ်​ဖန် ပြေး​ကြ​လိမ့်​မည်။ ငါ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ၍၊ မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ပါ​ကြ​လိမ့်​မည်။

လူ​တစ်​မျိုး​နှင့် တစ်​မျိုး တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။-

မြေ​ပေါ်၌ မီး​လောင်​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။ ထို​မီး​မ​ညှိ​မီ​တိုင်​အောင် ငါ၏​အ​လို​မ​ပြည့်​စုံ။ ဗ​တ္တိ​ဇံ​တစ်​ခု​ကို​လည်း ငါ​ခံ​စ​ရာ​ရှိ၏။-

ထို​ခ​ဏ​ချင်း​တွင် မြေ​ကြီး​သည်​ပြင်း​စွာ​လှုပ်​သော​ကြောင့် ထောင်​ခြေ​ရင်း​လည်း လှုပ်​ရှား၏။ တံ​ခါး​ရှိ​သ​မျှ​တို့​သည် ချက်​ချင်း​ပွင့်၍ လူ​အ​ပေါင်း​တို့​သည် နှောင်​ဖွဲ့​ခြင်း​နှင့် လွတ်​ကြ၏။-

ထို​သို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​မှ၊ စု​ဝေး​သော အ​ရပ်​သည် တုန်​လှုပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ့​ရင့်​စွာ​ဟော​ပြော​ကြ၏။

ထို​အ​ချိန်​နာ​ရီ၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း ဖြစ်၍၊ မြို့​ရိုး ဆယ်​စု​တစ်​စု​ပြို​လေ၏။ ထို​မြေ​လှုပ်​ခြင်း၌ လူ​ခု​နစ်​ထောင်​သေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် ကြောက်​ရွံ့၍ ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။-

တစ်​ဖန် ကောင်း​ကင်​ဘုံ၌ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ကို ဖွင့်​ထား၍၊ ဗိ​မာန်​တော်​ထဲ​မှာ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ထင်​ရှား​လေ၏။ လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​လုံး​ကြီး​စွာ​သော မိုး​သီး​ကျ​ခြင်း ဖြစ်​ကြ၏။-

ပ​လ္လင်​တော်​ထဲ​က လျှပ်​စစ်​ပြက်၏။ စ​ကား​ပြော​သံ၊ မိုး​ကြိုး​သံ​လည်း မြည်၏။ ပ​လ္လင်​တော်​ရှေ့၌ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မီး​ခွက်​ခု​နစ်​လုံး​တို့​သည် ထွန်း​လျက်​ရှိ​ကြ၏။-

ဆ​ဋ္ဌ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင် ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်၏။ နေ​သည် အ​မွေး​ဖြင့်​ရက်​သော အ​ဝတ်​ကြမ်း​ကဲ့​သို့ မည်း၏။ လ​အ​လုံး​သည် အ​သွေး​ကဲ့​သို့ ဖြစ်၏။-

ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် လာ၍ ရွှေ​လင်​ပန်း​ကို ကိုင်​လျက် ယဇ်​ပ​လ္လင်​နား​မှာ ရပ်​နေ၏။ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ရွှေ​ယဇ်​ပ​လ္လင်​ပေါ်​မှာ သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ ပ​တ္ထ​နာ​နှင့်​အ​တူ ဆက်​ကပ်​ခြင်း​ငှာ၊ မီး​ရှို့​သော နံ့​သာ​ပေါင်း​အ​များ​ကို ထို​သူ၌​ပေး၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ