ဗျာဒိတ် 8:11Judson Bibleထိုကြယ်သည် ဒေါနရွက်ဟူသောအမည် ရှိ၏။ ရေသုံးစုတစ်စုသည် ဒေါနရွက်ဖြစ်၍ ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုတစ်စုကို မီးအလယ်သို့ ငါလျှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပတ္ထနာပြု၍ ငါနားထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။
ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက်၊ ထိုလူမျိုးတို့၏ ဘုရားများထံသို့ သွား၍ဝတ်ပြုသောယောက်ျား၊ မိန်းမ၊ အဆွေအမျိုး တစ်စုံတစ်ယောက်သည် သင်တို့တွင်ပါမည်ဟူ၍လည်းကောင်း၊ ခါးစွာသောအသီး၊ ဒေါနကိုသီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟူ၍လည်းကောင်း၊