Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 8:1

Judson Bible

သ​တ္တ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ နာ​ရီ​ဝက်​မျှ တိတ်​ဆိတ်​စွာ နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​ဝိ​ညာဉ်​သည် ရပ်​နေ၍၊ ပုံ​သ​ဏ္ဌာန်​လည်း သေ​ချာ​စွာ​မ​ထင်​မ​ရှား အ​ရိပ်​ကို​သာ ငါ​မြင်​ရ၏။ ငြင်း​သော​အ​သံ​ရှိ၍ ငါ​ကြား​သော​စ​ကား​သံ ဟူ​မူ​ကား၊

ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​တော်​ကို​ငံ့​လင့်​လော့။ မိ​မိ​အ​မှု၌ အောင်​တတ်​သော​သူ၊ မ​ကောင်း​သော​အ​ကြံ​အ​စည်​တို့​ကို ပြီး​စေ​သော​သူ၏​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။

အ​ကယ်​စင်​စစ် ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​တတ်၏။ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း​သည် အ​ထံ​တော်​က သက်​ရောက်​ရ၏။

ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ သန့်​ရှင်း​သော​ဗိ​မာန်​တော်၌ ရှိ​တော်​မူ၏။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။

အို လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ သန့်​ရှင်း​သော ကျိန်း​ဝပ်​ရာ​ဌာ​န​တော်၌ ထ​တော်​မူ​ပြီ။

ထို​သူ​တို့​သည် သွား၍ ကျောက်​ကို တံ​ဆိပ်​ခတ်​ပြီး​လျှင် အ​စောင့်​ထား​လျက် သင်္ချိုင်း​တွင်း​တော်​ကို လုံ​ခြုံ​စွာ​ပြု​ကြ၏။

ထို​အ​ခါ တစ်​ဖက်​တစ်​ချက်၌ အ​က္ခ​ရာ​တင်၍ တံ​ဆိပ်​ခု​နစ်​ချက်​ခတ်​သော စာ​စောင်​ကို ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ၏ လက်​ယာ​လက်၌ ငါ​မြင်၏။-

ကိုယ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အ​ထဲ​မှ အ​ကျွန်ုပ်​တို့​ကို​ယူ၍၊ အ​သွေး​တော်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ရွေး​နုတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ၊ ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား၍၊ မြေ​ကြီး​ပေါ်​မှာ စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် စာ​စောင်​ကို​ခံ​ယူ၍ တံ​ဆိပ်​တို့​ကို ဖွင့်​ထိုက်​တော်​မူ၏​ဟု အ​သစ်​သော​သီ​ချင်း​ကို​သီ၍ လျှောက်​ဆို​ကြ၏။-

သိုး​သ​ငယ်​သည် တံ​ဆိပ်​ခု​နစ်​ချက်​တွင် တစ်​ချက်​ကို​ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင်၊ မိုး​ကြိုး​သံ မြည်​သ​ကဲ့​သို့၊ သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​က၊ လာ၍ ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။-

ဆ​ဋ္ဌ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင် ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်၏။ နေ​သည် အ​မွေး​ဖြင့်​ရက်​သော အ​ဝတ်​ကြမ်း​ကဲ့​သို့ မည်း၏။ လ​အ​လုံး​သည် အ​သွေး​ကဲ့​သို့ ဖြစ်၏။-

ဒု​တိ​ယ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ဒု​တိ​ယ သ​တ္တ​ဝါ​က၊ လာ၍​ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။-

တ​တိ​ယ​တံ​ဆိပ်​ကို​ည​ဖွင့်​သော​အ​ခါ၊ တ​တိ​ယ​သ​တ္တ​ဝါ​က၊ လာ၍​ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။ ထို​အ​ခါ ငါ​ကြည့်​လျှင် မြင်း​နက်​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် ချိန်​ခွင်​ကို​ကိုင်၏။-

စ​တု​တ္ထ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ စ​တု​တ္ထ​သ​တ္တ​ဝါ​က၊ လာ၍ ကြည့်​လော့ ဟု​ဆို​သည်​ကို ငါ​ကြား၏။-

ပ​ဥ္စ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်​လည်း​ကောင်း၊ မိ​မိ​တို့ သက်​သေ​ခံ​ချက်​ကြောင့်​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ယဇ်​ပ​လ္လင်​အောက်၌ ငါ​မြင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ