Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 7:10

Judson Bible

သူ​တို့​က​လည်း၊ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော ငါ​တို့၏ ဘု​ရား​သ​ခင်​နှင့်​သိုး​သ​ငယ်​သည် ကယ်​တင်​တော်​မူ​ခြင်း​ချမ်း​သာ ရှိ​တော်​မူ​စေ​သ​တည်း​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့၌ ဘုန်း​မ​ရှိ​စေ​ဘဲ၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၌ ဘုန်း​မ​ရှိ​စေ​ဘဲ၊ ကိုယ်​တော်၏​နာ​မ၌ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကြောင့် ဘုန်း​ရှိ​ပါ​စေ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ၏။ ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ကိုယ်​တော်၏ လူ​စု​အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သော။

ဖြောင့်​မတ်​သော​သူ​တို့၏ ကယ်​တင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ၌ သူ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ငါ​တစ်​ပါး​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၍၊ ငါ​မှ​တစ်​ပါး ကယ်​တင်​သော​သ​ခင်​မ​ရှိ။

အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ကိုယ်​ကို​ထင်​ရှား​စွာ ပြ​တော်​မ​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။

သ​တင်း​ကြား​ပြော​ကြ​လော့။ လူ​များ​ကို အ​နီး​သို့​ခေါ်​ခဲ့၍ တိုင်​ပင်​ကြ​စေ။ ဤ​အ​မှု​ကို ရှေး​ကာ​လ​မှ​စ၍ အ​ဘယ်​သူ ဖော်​ပြ​သ​နည်း။ အ​ထက်​က အ​ဘယ်​သူ ဟော​ပြော​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား ဟော​ပြော​သည် မ​ဟုတ်​လော။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။ ငါ​သည် ဖြောင့်​မတ်​သော​ဘု​ရား၊ ကယ်​တင်​သော​ဘု​ရား ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။

အ​ကယ်​စင်​စစ် ကုန်း​များ​နှင့် တောင်​ရိုး​များ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​၏ ဘုရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ရာ​အ​ကြောင်း​ဖြစ်​တော်​မူ​၏။

သို့​ရာ​တွင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော သင်၏​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​ကို သင်​မ​သိ​ပြီ။ ငါ​မှ​တစ်​ပါး ကယ်​တင်​နိုင်​သော သ​ခင်​မ​ရှိ။

အ​ကျွန်ုပ်​မူ​ကား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​စ​ကား​နှင့် ကိုယ်​တော်​အား ယဇ်​ပူ​ဇော်​ပါ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ​သည်​ဟု ဆု​တောင်း​လေ၏။

အို တောင်​ကြီး၊ သင်​သည် အ​ဘယ်​သို့​နည်း။ ဇေ​ရု​ဗ​ဗေ​လ​ရှေ့​မှာ ညီ​သော​အ​ရပ် ဖြစ်​ရ​လိမ့်​မည်။ လူ​များ​တို့​က၊ ကျေး​ဇူး​တော် ရှိ​ပါ​စေ​သော။ ကျေး​ဇူး​တော်​ရှိ​ပါ​စေ​သော​ဟု ကြွေး​ကြော်​လျက်၊ ထို​မင်း​သည် တိုက်​ထောင့် အ​ထွတ်​ကျောက်​ကို တင်​ထား​ရ​လိမ့်​မည်။

အို ဇိ​အုန်​သ​တို့​သ​မီး၊ အ​လွန်​ဝမ်း​မြောက်​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သ​တို့​သ​မီး၊ ကြွေး​ကြော်​ကြ​လော့။ တ​ရား​သ​ဖြင့် စီ​ရင်၍ ကယ်​တင်​ခြင်း​သို့​ရောက်​သော သ​ခင်၊ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့။

လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မြင်​ရ​ကြ​လ​တ္တံ့​ဟု လာ​သည်​နှင့်​အ​ညီ၊ ယော​ဟန်​သည် ယော်​ဒန်​မြစ်​နား၌ အ​နှံ့​အ​ပြား​လှည့်​လည်၍ အ​ပြစ်​လွှတ်​ခြင်း​အ​ဖို့​အ​လို​ငှာ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​လေ၏။

နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။-

ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​လျှင်၊ ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို ကြည့်​လော့​ဟု​ဆို၏။-

သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​တို့၌ ကယ်​တင်​ခြင်း​အ​ကြောင်း​ရှိ၏။-

ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။-

ကောင်း​ကင်​ဘုံ၌ ကြီး​သော​အ​သံ​ကား၊ ယ​ခု​မှာ ကယ်​တင်​ခြင်း ဖြစ်၏။ တန်​ခိုး​တော်​လည်း ဖြစ်၏။ ငါ​တို့ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် သူ၏​ခ​ရစ်​တော်၏ အာ​ဏာ​တော်​စက်​လည်း ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​ညီ​အစ်​ကို​များ​ကို ငါ​တို့​ဘု​ရား​သ​ခင်​ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ပြစ်​တင်​သော​ရန်​သူ​ကို အောက်​သို့ ချ​လေ​ပြီ။-

ထို​နောက်​မှ ကောင်း​ကင်​ဘုံ၌ စည်း​ဝေး​သော သူ​အ​များ​တို့၏ အ​သံ​ကြီး​ကား၊ ဟာ​လေ​လု​ယ၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ချမ်း​သာ၊ ဘုန်း​အ​သ​ရေ​တန်​ခိုး​တော်​ပေ​တည်း။-

ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​က​လည်း၊ ငါ​သည် ခပ်​သိမ်း​သော အ​ရာ​တို့​ကို အ​သစ် ဖန်​ဆင်း​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​တုံ၊ ရေး​ထား​လော့။ ဤ​စ​ကား​သည် သ​စ္စာ​စ​ကား၊ ဟုတ်​မှန်​သော​စ​ကား​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊-

နောက်​တစ်​ဖန် ကျိန်​ခြင်း​ဘေး တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ထို​မြို့၌ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ရှိ၍ ဘု​ရား​သ​ခင်၏ ကျွန်​တို့​သည် ဘု​ရား​ဝတ်​ကို ပြု​ကြ​လိမ့်​မည်။-

ပ​လ္လင်​တော်​ရှေ့၌​လည်း၊ ကျောက်​သ​လင်း​နှင့် တူ​သော ဖန်​ရေ​ကန်​ရှိ၏။ ပ​လ္လင်​တော်၏ အ​တွင်း၌​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​လည်း​ကောင်း၊ မျက်​စိ​နှင့် တစ်​ကိုယ်​လုံး​ပြည့်​သော သ​တ္တ​ဝါ​လေး​ပါး​ရှိ၏။-

သူ​သည်​လာ၍ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ၏ လက်​ယာ​လက်​မှ​စာ​စောင်​ကို ခံ​ယူ​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ