ဗျာဒိတ် 6:8Judson Bibleထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစ်စီးရှိ၏။ မြင်းစီးသောသူသည် မရဏဟူသောအမည်ရှိ၏။ မရဏနိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစ်စိတ်ကို အစိုးရ၍ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကိုရ၏။ အခန်းကိုကြည့်ပါ။ |
သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရားအမိန့်တော်ရှိ၏။
သူတို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ၊ သူတို့အော်ဟစ်သံကို ငါနားမထောင်။ မီးရှို့ရာယဇ်ကို သော်လည်းကောင်း၊ ပူဇော်သကာကိုသော်လည်းကောင်း၊ ဆက်ကပ်သောအခါ ငါလက်မခံ။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်၊ သူတို့ကို ငါဆုံးစေမည်ဟုမိန့်တော်မူလျှင်၊
ထိုသူတို့သည် ဆိုးသောသေခြင်းဖြင့် သေရကြလိမ့်မည်။ သူတို့ကိုမြည်တမ်း၍ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့သည် ဓားဘေးနှင့် မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးခြင်းသို့ရောက်၍၊ အသေကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် တောသားရဲ စားစရာဖို့ ဖြစ်ကြလိမ့်မည်။
ထိုမှတစ်ပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ်နေရာ၌ မနေနိုင်ဘဲ၊ မိမိလောဘကို မရဏနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိလျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံသို့ဆွဲငင်၍ စုဝေးစေ၏။