Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 21:3

Judson Bible

ကောင်း​ကင်​မှ​ကြီး​သော အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​မည်။ သူ​တို့​သည် ကိုယ်​တော်၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် သူ​တို့​နှင့်​အ​တူ​ရှိ​နေ၍ သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ ဧ​ကန်​အ​မှန်​ကျိန်း​ဝပ်​တော်​မူ​မည်​လော။ ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အထွတ်​အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​ကို အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​ပါ​သ​နည်း။

သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ လူ​တို့​တွင် ဧ​ကန်​အ​မှန် ကျိန်း​ဝပ်​တော်​မူ​မည်​လော။ ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အ​ထွတ်၊ အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​ကို အ​ဘယ်​ဆို​ဖွယ်​ရာ ရှိ​ပါ​သ​နည်း။

ငါ​သည် သင်​တို့​တွင်​ကျိန်း​ဝပ်​ရာ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​ကို​လုပ်​ကြ​စေ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ငါ​နေ၍၊ သူ​တို့၏​ဘု​ရား​ဖြစ်​မည်။

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​သည် သင်၏​အ​လယ်၌ ဘုန်း​ကြီး​တော်​မူ၏​ဟု မြွက်​ဆို​ရ​လိမ့်​မည်။

နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ပ​ညတ်​တ​ရား​ကို သူ​တို့​အ​တွင်း​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။

သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​မည်။

ငါ၏​ဗိ​မာန်​တော်​သည်​လည်း သူ​တို့၌​ရှိ၍၊ ငါ​သည် သူ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​လိမ့်​မည်။

အ​ချင်း​လူ​သား၊ ဤ​အ​ရပ်​သည် ငါ့​ပ​လ္လင်​တည်​ရာ အ​ရပ်၊ ငါ့​ခြေ​ဖ​ဝါး နင်း​မြဲ​အ​ရပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​စဉ်​အ​မြဲ ငါ့​နေ​ရာ​အ​ရပ် ဖြစ်၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​များ​နှင့် အ​မျိုး​သား​များ​တို့​သည် မှား​ယွင်း​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ရှင်​ဘု​ရင်၏​အ​သေ​ကောင်​အား​ဖြင့်​လည်း​ကောင်း မြင့်​ရာ​အ​ရပ်​တို့၌ ငါ၏​နာ​မ​တော်​မြတ်​ကို နောက်​တစ်​ဖန် မ​ရှုတ်​ချ​ရ​ကြ။

ထို​သို့ မြို့​ပတ်​လည်​အ​တိုင်း​အ​ရှည်​ကား၊ တစ်​သောင်း​ရှစ်​ထောင် ရှိ​ရ​လိမ့်​မည်။ တည်​သော​နေ့​မှ​စ၍ ထို​မြို့​ကို ယေ​ဟော​ဝါ​ရှ​မ္မ​အ​မည်​ဖြင့် ခေါ်​တွင်​ရ​လိမ့်​သ​တည်း။ ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ထို​တစ်​စု​ကို မီး​အ​လယ်​သို့ ငါ​လျှောက်​သွား​စေ​မည်။ ငွေ​ကို ချွတ်​သ​ကဲ့​သို့ ချွတ်​မည်။ ရွှေ​ကို စုံ​စမ်း​သ​ကဲ့​သို့ စုံ​စမ်း​မည်။ သူ​တို့​သည် ငါ့​နာ​မ​ကို ပ​တ္ထ​နာ​ပြု၍ ငါ​နား​ထောင်​မည်။ သူ​တို့​ကို ငါ၏​လူ​မျိုး​ဟူ၍ ငါ​ခေါ်​ဝေါ်​မည်။ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ​လိမ့်​မည်။

ဆောင်​ခဲ့​သ​ဖြင့် သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ နေ​ရ​ကြ​လိမ့်​မည်။ သ​စ္စာ​တ​ရား​နှင့် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့်၊ သူ​တို့​သည် ငါ၏​လူ​ဖြစ်၍ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​လိမ့်​မည်။

ထို​သို့​အ​စဉ်​ဖြစ်၍ နေ့​အ​ချိန်၌​မိုး​တိမ်​ဖုံး​အုပ်​လျက်၊ ည​အ​ချိန်၌​မီး​ကဲ့​သို့ ထင်​လျက်​ရှိ၏။

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-

ယေ​ရှု​က​လည်း၊ ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည် ထို​သူ​ကို ချစ်​တော်​မူ​သည်။ ငါ​တို့​သည်​လည်း၊ သူ့​ဆီ​သို့​ကြွ၍ နေ​ရာ​ချ​မည်။-

ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သည် ရုပ်​တု​တို့​နှင့် အ​ဘယ်​သို့ စပ်​ဆိုင်​ရ​မည်​နည်း။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​တွင် ငါ​ကျိန်း​ဝပ်​မည်။ သူ​တို့​တွင်​လှည့်​လည်၍ သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ဖြစ်​ကြ၏။-

သင်​တို့၏​အ​ဘ ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ၏​သား​သ​မီး ဖြစ်​ကြ​လိမ့်​မည်​ဟု အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​ရှိ​ရာ​သို့ ငါ​တို့​သွား​ရာ​လမ်း​ကို ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ပြင်​ဆင်​တော်​မူ​ပါ​စေ​သော။-

ထို​ပြည်​ကို​မ​အောက်​မေ့​ဘဲ၊ ကောင်း​ကင်​ပြည် တည်း​ဟူ​သော သာ၍​မြတ်​သော​ပြည်​ကို တောင့်​တ​ခြင်း​ရှိ​ကြ၏။ ထို​ကြောင့်၊ ဘု​ရား​သ​ခင်​သည် သူ​တို့၏​ဘု​ရား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ရှက်​တော်​မ​မူ၊ သူ​တို့​နေ​စ​ရာ​ဖို့ မြို့​ကို တည်​ထောင်​တော်​မူ​ပြီ။

နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ပ​ညတ်​တို့​ကို သူ​တို့​စိတ်​ဝိ​ညာဉ်​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏ ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။-

လူ​မ​ဆောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား ဆောက်​တော်​မူ​သော တဲ​တော်​စစ်​တည်း​ဟူ​သော၊ သန့်​ရှင်း​ရာ​ဌာ​န၌ ဘု​ရား​ဝတ်​ကို​ပြု​သော​သူ ဖြစ်​တော်​မူ၏။-

မိုး​ကြိုး​သံ ခု​နစ်​ချက်​မြည်​ပြီး​မှ ငါ​သည်​ရေး​မှတ်​မည်​ဟု အား​ထုတ်​သော်၊ ကောင်း​ကင်​မှ ထွက်​သော​အ​သံ​ကား၊ မိုး​ကြိုး​သံ​ခု​နစ်​ချက် မြည်​သော​အ​ရာ​ကို တံ​ဆိပ်​ခတ်​လော့။ မ​ရေး​မ​မှတ်​နှင့်​ဟု ဆို​သည်​ကို ငါ​ကြား၏။-

ငါ​ကြား​ရ​သော ကောင်း​ကင်​အ​သံ​သည် တစ်​ဖန် ငါ့​အား​ပြော​သည်​ကား၊ မြေ​နှင့်​ပင်​လယ်​ပေါ်​မှာ ရပ်​နေ​သော ကောင်း​ကင်​တ​မန်၏ လက်၌ ဖွင့်​ထား​လျက်​ရှိ​သော စာ​စောင်​ငယ်​ကို သွား၍ ယူ​လော့​ဟု​ဆို​လျှင်၊-

ကောင်း​ကင်​ဘုံ၌ ကြီး​သော​အ​သံ​ကား၊ ယ​ခု​မှာ ကယ်​တင်​ခြင်း ဖြစ်၏။ တန်​ခိုး​တော်​လည်း ဖြစ်၏။ ငါ​တို့ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် သူ၏​ခ​ရစ်​တော်၏ အာ​ဏာ​တော်​စက်​လည်း ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​ညီ​အစ်​ကို​များ​ကို ငါ​တို့​ဘု​ရား​သ​ခင်​ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ပြစ်​တင်​သော​ရန်​သူ​ကို အောက်​သို့ ချ​လေ​ပြီ။-

အောင်​မြင်​သော​သူ​သည် ဤ​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ ငါ​သည် သူ၏ ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။-

နောက်​တစ်​ဖန် ကျိန်​ခြင်း​ဘေး တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ထို​မြို့၌ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ရှိ၍ ဘု​ရား​သ​ခင်၏ ကျွန်​တို့​သည် ဘု​ရား​ဝတ်​ကို ပြု​ကြ​လိမ့်​မည်။-

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော်​ရှေ့​မှာ နေ​ရာ​ကို​ရ၍၊ ဗိ​မာန်​တော်၌​ဘု​ရား​ဝတ်​ကို​နေ့​ည​မ​ပြတ် ပြု​ရ​ကြ၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ​သည် သူ​တို့​တွင် ကျိန်း​ဝပ်​တော်​မူ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ