တံခါးရွက် တစ်ဆယ်နှစ်ရွက် အသီးအသီးတို့သည် ပုလဲတစ်ပြားစီဖြင့်ပြီး၍ ပုလဲတစ်ဆယ်နှစ်ပြား ဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင်ဖြစ်၏။
ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်နှစ်ဆယ်၊ အမြင့် အတောင်နှစ်ဆယ်ရှိ၏။ ထိုအခန်းကိုလည်းကောင်း၊ အာရဇ်သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကိုလည်းကောင်း၊ ရွှေစင်နှင့်မွမ်းမံလေ၏။
ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်လည်းကောင်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။-
ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကို ဝတ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး၊-
ငါနှင့်စကားပြောသောသူသည်၊ မြို့ကိုလည်းကောင်း၊ တံခါးတို့ကိုလည်းကောင်း၊ မြို့ရိုးကိုလည်းကောင်း တိုင်းခြင်းငှာ၊ တိုင်းစရာ ရွှေကျူလုံးပါ၏။-
မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည်လည်း ကြည်လင်သောဖန်နှင့် တူသော ရွှေစင်ဖြစ်၏။-
မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဖက်၌လည်းကောင်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ ဖြစ်၏။-
ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏ အတွင်း၌လည်းကောင်း၊ ပတ်ဝန်းကျင်၌လည်းကောင်း၊ မျက်စိနှင့် တစ်ကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။-