မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည်လည်း ကြည်လင်သောဖန်နှင့် တူသော ရွှေစင်ဖြစ်၏။-
အိမ်တော်အတွင်း ကြမ်းနှင့် ပြင်ကြမ်းကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
အိမ်တော်၌ အသရေတင့်တယ်စေခြင်းငှာ ကျောက်မြတ်တို့ကို စီချယ်၏။ မွမ်းမံသောရွှေသည် ပါရဝိမ်ရွှေဖြစ်၏။
ထိုမြို့၏ အရောင်အဝါသည်၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။-
မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပထမအမြစ်ကား နဂါးသွဲ့ဖြစ်၏။ ဒုတိယ အမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထအမြစ်ကား မြ၊-
တံခါးရွက် တစ်ဆယ်နှစ်ရွက် အသီးအသီးတို့သည် ပုလဲတစ်ပြားစီဖြင့်ပြီး၍ ပုလဲတစ်ဆယ်နှစ်ပြား ဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင်ဖြစ်၏။
ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏ အတွင်း၌လည်းကောင်း၊ ပတ်ဝန်းကျင်၌လည်းကောင်း၊ မျက်စိနှင့် တစ်ကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။-