ဗျာဒိတ် 21:12Judson Bibleကြီးမြင့်သော မြို့ရိုးလည်းရှိ၏။ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါး တစ်ဆယ်နှစ်ပေါက်ရှိ၏။ ထိုတံခါး တစ်ဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တစ်ဆယ်နှစ်ပါး ရှိ၏။ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုး၏ နာမတို့သည် ထိုတံခါးပေါ်၌ ရေးထားလျက်ရှိ၏။- အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ၏။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း၊ အကျွန်ုပ်တို့၏ ဘုရားသခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့ အသက်လွတ်ခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အိမ်တော်ကို ထူထောင်၍၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှာလည်းကောင်း၊ ယုဒပြည် ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်းငှာလည်းကောင်း၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌ ကျေးဇူးပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ။
ယေရုရှလင်မြို့ရိုးကို အနုမောဒနာပြုသောအခါ၊ ခွက်ကွင်း၊ စောင်း၊ တယောနှင့်တီးမှုတ်လျက် သီချင်းဆိုလျက် ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ အနုမောဒနာပြုအံ့သောငှာ လေဝိသားတို့ကိုရှာ၍ သူတို့နေရာ အရပ်ရပ်တို့က ယေရုရှလင်မြို့သို့ ခေါ်ကြ၏။