Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 20:9

Judson Bible

ထို​သူ​များ​တို့​သည် မြေ​ကြီး​မျက်​နှာ​ပေါ်​သို့ တက်၍၊ သန့်​ရှင်း​သူ​တို့၏ တပ်​ကို​လည်း​ကောင်း၊ ချစ်​ဖွယ်​သော မြို့​တော်​ကို​လည်း​ကောင်း၊ ဝိုင်း​ကြ၏။ ထို​အ​ခါ ဘု​ရား​သ​ခင့်​အ​ထံ​တော်၊ ကောင်း​ကင်​မှ မီး​ကျ၍ သူ​တို့​ကို​မျို​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။

နံ​နက်​စော​စော ဘု​ရား​သ​ခင့်​လူ၏​ကျွန်​သည်​ထ၍ ပြင်​သို့​ထွက်​သော​အ​ခါ၊ မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​တို့​သည် မြို့​ကို​ဝိုင်း​လျက် ရှိ​ကြ​သည်​ဖြစ်၍၊ အို​သ​ခင်၊ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု မိ​မိ​သ​ခင်​အား​ဆို၏။

မြေ​ကြီး​မျက်​နှာ တစ်​ပြင်​လုံး​ကို ကြည့်​ရှု​ဖူး​သ​လော။ အ​လုံး​စုံ​ကို သိ​မြင်​လျှင် ဖော်​ပြ​လော့။

သူ​တို့​အ​သင်း​အ​ဝင်​ထဲ​မှာ မီး​ရှို့၍၊ မ​တ​ရား​သော​သူ​တို့​ကို လောင်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​နေ​ရာ​အ​ပေါင်း​တို့​ထက် ဇိ​အုန်​တံ​ခါး​တို့​ကို သာ၍ နှစ်​သက်​တော်​မူ၏။

မီး​သည် ရှေ့​တော်၌​သွား၍၊ ရန်​သူ​တို့​ကို အ​လှည့်​လှည့် လောင်​လေ၏။

အ​ကြောင်း​မူ​ကား၊ တော​ဖက်​အ​ရပ်​သည် ရှေး​ကာ​လ၌ စီ​ရင်​လျက်​ရှိ၏။ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ၏။ နက်​နဲ​ကျယ်​ဝန်း​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​ပြီ။ မီး​ရှို့​ဖို့ ထင်း​ပုံ​ကြီး​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​ထွက်​သက်​တော်​သည် အ​ရည်​ကျို​သော ကန့်​ကဲ့​သို့၊ ထို​ထင်း​ပုံ​ကို မီး​ရှို့​ရ​လိမ့်​မည်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ထွက်၍၊ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ကောင် ဖြစ်​ကြ၏။

ပြည်​ကို မိုး​အုံ့​သ​ကဲ့​သို့ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တက်၍​တိုက်​လာ​မည်။ နောင်​ကာ​လ​တွင် ငါ၏​ပြည်​တစ်​ဖက်၌ သင့်​ကို ငါ​ဆောင်​ခဲ့​မည် မ​ဟုတ်​လော။ အ​ကြောင်း​မူ​ကား၊ အို ဂေါ​ဂ၊ လူ​အ​မျိုး​မျိုး​တို့​မျက်​မှောက်၌ သင့်​အား​ဖြင့် ငါ​သည်​ချီး​မြှောက်​ရာ​သို့ ရောက်​သော​အ​ခါ၊ သူ​တို့​သည် ငါ့​ကို​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။

ငါ​သည် ကာ​လ​နာ​ဘေး၊ အ​သေ​သတ်​ခြင်း​ဘေး​အား​ဖြင့် သူ့​ကို​ဒဏ်​ပေး​မည်။ သူ​နှင့် သူ၌​ပါ​သော​တပ်​များ၊ အ​လုံး​အ​ရင်း​များ​အ​ပေါ်​မှာ လွှမ်း​မိုး​သော​မိုး​ရေ၊ ကြီး​သော​မိုး​သီး၊ ကန့်​နှင့်​ရော​သော မီး​မိုး​ကို​ရွာ​စေ​မည်။

သင်​သည် မိုး​သက်​မုန်​တိုင်း​ကဲ့​သို့ တက်​လာ၍၊ သင်၌​ပါ​သ​မျှ​သော တပ်​သား​အ​လုံး​အ​ရင်း​နှင့်​တ​ကွ၊ ထို​ပြည်​ကို မိုး​အုံ့​သ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။

မာ​ဂေါ​ဂ​ပြည်​နှင့် ပင်​လယ်​ကမ်း​နား​မှာ ငြိမ်​ဝပ်​စွာ​နေ​သော သူ​တို့​အ​ပေါ်​သို့ မီး​ကို​ငါ​လွှတ်​လိုက်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

အ​နိုင်​အ​ထက် ဖွင့်​သော​သူ​သည် သူ​တို့​ရှေ့​မှာ​သွား၏။ သူ​တို့​သည်​လည်း အ​နိုင်​အ​ထက်​ဖွင့်၍ တံ​ခါး​ဝ​ဖြင့် လျှောက်​သွား​ကြ၏။ သူ​တို့ ရှင်​ဘု​ရင်​သည် သူ​တို့​ရှေ့​မှာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် လမ်း​ပြ​တော်​မူ၏။

ပြင်း​ထန်​လျင်​မြန်​သော ခါ​လ​ဒဲ​အ​မျိုး​ကို ငါ​နှိုး​ဆော်၏။ ကိုယ်​မ​ပိုင်​သော နေ​ရာ​အ​ရပ်​တို့​ကို သိမ်း​ယူ​ခြင်း​ငှာ မြေ​တစ်​ပြင်​လုံး၌ ချီ​သွား​ကြ​လိမ့်​မည်။

တစ်​ဖန် လူ​များ​တို့​သည် အ​လို​တော်​မ​ရှိ​သော မြည်​တမ်း​ခြင်း​ကို​ပြု​ကြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​စ​ကား​ကို​ကြား၍ အ​မျက်​ထွက်​တော်​မူ၏။ ရှို့​တော်​မူ​သော​မီး​သည် သူ​တို့​တွင်​လောင်၍ တပ်​အ​စွန်​အ​နား၌​ရှိ​သော သူ​အ​ချို့​တို့​ကို သေ​စေ​လေ၏။

နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​သူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က မီး​ထွက်၍ လောင်​လေ၏။

လော​တ​သည် သော​ဒုံ​မြို့​မှ​ထွက်​သော​နေ့၌ ကောင်း​ကင်​မှ ကန့်​နှင့်​ရော​သော​မီး​မိုး​ရွာ၍ ထို​လူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သ​ကဲ့​သို့​လည်း​ကောင်း၊-

အ​ကြောင်း​မူ​ကား၊ သင့်​ကို ကြည့်​ရှု​ပြု​စု​တော်​မူ​သော ကျေး​ဇူး​ကို သင်​သည် မ​သိ​မ​မှတ်​သော​ကြောင့်၊ သင်၏​ရန်​သူ​တို့​သည် သင့်​ပတ်​လည်​တွင် တပ်​တည်၍ လေး​မျက်​နှာ၌ ဝိုင်း​ရံ​လျက် ချုပ်​ထား​ပြီး​လျှင်၊-

ယေ​ရု​ရှ​လင်​မြို့​ကို ဗိုလ်​ခြေ​များ ဝန်း​ရံ​လျက်​ရှိ​သည်​ကို သင်​တို့​မြင်​သော​အ​ခါ၊ ထို​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လု​သည်​ကို သိ​မှတ်​ကြ​လော့။-

ထို​အ​ကြောင်း​ကို တ​ပည့်​တော်​ယာ​ကုပ်၊ ယော​ဟန်​တို့​သည်​မြင်​လျှင်၊ သ​ခင်၊ ဧ​လိ​ယ​ပြု​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​သည် ကောင်း​ကင်​မှ​မီး​ကျ​စေ၍ ထို​သူ​တို့​ကို လောင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​လော​ဟု လျှောက်​ကြ​သော်၊

အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကယ်​တင်၍ ရန်​သူ​တို့​ကို သင့်​လက်၌​အပ်​ခြင်း​ငှာ၊ သင်၏​တပ်​ထဲ​မှာ သွား​လာ​တော်​မူ၏။ ထို​ကြောင့်၊ သင့်​အ​ထဲ၌ မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မြင်၍ သင်​မှ ရှောင်​သွား​တော်​မ​မူ​မည်​အ​ကြောင်း၊ သင်၏​တပ်​သည် သန့်​ရှင်း​ရ​မည်။

သို့​ဖြစ်၍၊ ငါ​တို့​သည် ထို​သ​ခင်​နှင့်​အ​တူ ကဲ့​ရဲ့​ခြင်း​ကို​ခံ၍၊ တပ်​ပြင်၊ အ​ထံ​တော်​သို့ ထွက်​သွား​ကြ​ကုန်​အံ့။-

တစ်​စုံ​တစ်​ယောက်​သော သူ​သည် သူ​တို့​ကို ညှဥ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ သူ​တို့၏ ခံ​တွင်း​ထဲ​က​မီး​ထွက်၍ ရန်​သူ​တို့​ကို မျို​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော သူ​သည် ထို​သူ​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ ထို​သို့​အ​သေ သတ်​ခြင်း​ကို ခံ​ရ​မည်။-

ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​လည်း ပြ၏။ လူ​တို့​မျက်​မှောက်၌ ကောင်း​ကင်​က မြေ​ကြီး​အ​ပေါ်​သို့ မီး​ကို ဆင်း​စေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ