ဗျာဒိတ် 2:18Judson Bibleသွာတိရမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြေးဝါစစ်နှင့်တူသော ခြေနှင့်လည်းကောင်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊- အခန်းကိုကြည့်ပါ။ |
ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်းဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသောကျမ်းစာ၌ ကတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှာ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော ယေရှုခရစ်၏ကျွန် ငါပေါလုသည်၊-